ကမ်းနီးငါးဖမ်း/ငါးသယ်ရေယာဉ်လိုင်စင်ထုတ်ပေးခြင်း


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 09, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

(က)   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှထုတ်ပေးသည့် ကမ်းနီးရေယာဉ်မှတ်ပုံတင်ရှိရမည်။

( ခ )   ရေယာဉ်ပိုင်ရှင်သည် မြန်မာနိုင်ငံသားဖြစ်ရမည်။

( ဂ )   လျှောက်ထားသည့် မြို့နယ်အတွင်းရှိ ကမ်းနီးရေပြင်၌သာ လုပ်ကိုင်ရမည်။

လိုအပ်သောစာရွက်စာတမ်းများ

(က)   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပေးသည့် ကမ်းနီးရေယာဉ်မှတ်ပုံတင်

( ခ )   ရေယာဉ်ပိုင်ရှင်၏နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူနှင့် အိမ်ထောင်စုစာရင်း

( ဂ )   ရေယာဉ်၏ဘေးဓာတ်ပုံနှင့် အင်ဂျင်ဓာတ်ပုံ(၄)ပုံ

ဝန်ဆောင်ခ

အခမဲ့

လျှောက်ထားရန်အဆင့်များ

(က)    ခရိုင်/ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနများတွင် လျှောက်ထားရပါမည်။

( ခ )   ကမ်းနီးငါးဖမ်းလုပ်ငန်းအတွက် သတ်မှတ်လိုင်စင်ခများကို ပေးဆောင်ရမည်။

Website လိပ်စာ

www.dof.gov.mm