ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

 

နောက်ခံသမိုင်းကြောင်း

       နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရာ၌ စီးပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရန်နှင့် ပြည်ပငွေကြေးအကူအညီ၊ နည်းပညာ အထောက်အပံ့၊ တရားဝင်ဖွံ့ဖြိုးမှု အထောက်အပံ့ချေးငွေ၊ ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှု တို့ကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်၍ ယခင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၇/၂၀၁၈)ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

 

ရည်ရွယ်ချက်

        (က) ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်ထောင်စုဝန်ကြီးဌာန များ၊ ဗဟိုအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်အစိုးရများ အကြား ထိရောက် မြန်ဆန်ချောမွေ့စေမည့် လုပ်ငန်းစဉ်များ ထူထောင် ပြဋ္ဌာန်း လုပ်ကိုင် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရန်၊


      (ခ) ပြည်ပငွေကြေးအကူအညီ၊ နည်းပညာအထောက်အပံ့၊ တရားဝင်ဖွံ့ဖြိုးမှု အထောက် အပံ့ချေးငွေ၊ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတို့ကို ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်သွားရန်။

 

ပြည်ထောင်စုဝန်ကြီးရုံး

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးကို ဝန်ကြီးဌာနတည်ထောင်ပြီးနောက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင်

        ၁။ အုပ်ချုပ်ရေးနှင့် လူ့အရင်း အမြစ်စီမံခန့်ခွဲမှုဌာနခွဲ

        ၂။ မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲ

        ၃။ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ

        ၄။ ဝန်ကြီးဌာနတွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ

        ၅။ ပြည်တွင်း/ ပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ

        ၆။ e-Government ဌာနခွဲနှင့်

        ၆။ ဦးစီးရုံး တို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

 

Mission/Vision

        တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်နှင့် နိုင်ငံတကာစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု လွယ်ကူချောမွေ့စေရန်

 

Website လိပ်စာ

www.dica.gov.mm