COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / July 09, 2020

(၉-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

၁။ (၉-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၆၃)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၈၃) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၆၇) ခုနှင့်
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၆၃) ခု
စုစုပေါင်း (၁,၂၇၆)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦးတွေ့ရှိရပါသည်။

၂။ (၉-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၁၉) ဦး ရှိပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၄)ဦး (Case-210, 224, 277 နှင့် 278) ရှိရသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူစုစုပေါင်း (၂၅၄) ဦးရှိပါသည်။ ၎င်းတို့အနက် (၂၃၇) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၈-၇-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၉-၇-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၄၁) ဦး ရှိပါသည်။

#Ministry of Health and Sports, Myanmar

သတင်းစာများ

၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။

Posted on Sep 27, 2020 Download

၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက်၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၆ ရက်၊ စနေနေ့။

Posted on Sep 26, 2020 Download

၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက်၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၅ ရက်၊ သောကြာနေ့။

Posted on Sep 25, 2020 Download

၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်နေ့၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၄ ရက်၊ ကြာသပတေးနေ့။

Posted on Sep 24, 2020 Download

ကြေညာချက်များ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသော အသား (ဝက်၊ အမဲ၊ ဆိတ်) ထုတ်လုပ်ရောင်းချခွင့်အား စျေးခုံအများစနစ်အား အခြားနည်းဖြင့်လျှောက်ထားနိုင်ကြောင်း ကြော်ငြာခြင်း

Posted on Sep 23, 2020

ဆက်လက်ဖတ်ရှုရန်

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင် တတိယအကြိမ်လေလံအောင်မြင်သူစာရင်း အသိပေးအကြောင်းကြားခြင်း

Posted on Sep 22, 2020

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင် တတိယအကြိမ်လေလံအောင်မြင်သူစာရင်း အသိပေးအကြောင်းကြားခြင်း

ဆက်လက်ဖတ်ရှုရန်
အထူးသတင်း