ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / December 06, 2025
ဘားအံ - ဒီဇင်ဘာ (၆)
ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာရေးလေ့ကျင့်ခန်းများဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းစီမှ သည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာစေရေး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ ကို ယနေ့နံနက် ၅ နာရီခွဲက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဝန်ကြီးများအိမ်ရာရှေ့တွင် စုရပ်ထား၍ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ တာဝန်ရှိသူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများ စုစုပေါင်း ၂၁၀၀ ဦးခန့်သည် စုရပ်ဖြစ်သော သီရိလမ်း၊ ဝန်ကြီးများအိမ်ရာရှေ့မှ သီရိလမ်းအတိုင်း၊ ဆေးရုံလမ်း၊ ကျော်ဇေယျလမ်း၊ မာန်းနဲစန်လမ်း၊ အထက(၄) ကျောင်းလမ်းမှတစ်ဆင့် သီရိလမ်းအတိုင်း သီရိကွင်းအတွင်းသို့ ပျော်ရွှင်စွာစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး သီရိကွင်း အတွင်း၌ အကြောလျှော့လေ့ကျင့်ခန်းများစုပေါင်းဆောင်ရွက်၍ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ် အတွဲ အမှတ်(၁)နှင့် အမှတ်(၂) တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ယှဉ်နွှဲကြသူများအား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အမျိုးသား၊ အမျိုးသမီး Small Goal သွင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ တို့ကို ထည့်သွင်းကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပါသည်။




၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Jan 14, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
Posted on Jan 12, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
Posted on Jan 11, 2026
အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၃-၁-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသောအမှုများစာရင်း
Posted on Jan 14, 2026အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၃-၁-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသောအမှုများစာရင်း
မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက...
Posted on Jan 14, 2026မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ကြေညာ
