စပါးမျိုးသစ်များ မွေးမြူရွေးချယ်ထုတ်လုပ်ခြင်းဆိုင်ရာ အခြေခံနည်းလမ်းများခေါင်းစဉ်ဖြင့် တောင်သူနည်းပညာဆွေးနွေးပွဲကျင်းပ

စပါးမျိုးသစ်များ မွေးမြူရွေးချယ်ထုတ်လုပ်ခြင်းဆိုင်ရာ အခြေခံနည်းလမ်းများခေါင်းစဉ်ဖြင့် တောင်သူနည်းပညာဆွေးနွေးပွဲကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 22, 2025
image_latest


နေပြည်တော် ဇွန် ၂၁

(၇၂) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေးသင်တန်း ကျောင်း AERDTC ခန်းမ၌ “စပါးမျိုးသစ်များ မွေးမြူရွေးချယ်ထုတ်လုပ်ခြင်းဆိုင်ရာ အခြေခံနည်းလမ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မျိုးဆက်သစ်စိုက်ပျိုးရေးပညာရှင်များအနေဖြင့် တောင်သူများ၏ လက်တွေ့မြေပြင်အခြေအနေမှန်ကိုသိရှိပြီး စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် ထိရောက်စွာကူညီပေးနိုင်ရေးကြိုးပမ်းသွားကြရန်လိုအပ်ချက်များ၊ တောင်သူများ ပူးပေါင်းပါဝင်သော မျိုးစေ့ထုတ်လုပ်ငန်းများ တည်ထောင်နိုင်ရေးကြိုးပမ်းရန်နှင့် မိမိတို့ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ ပညာရှင်များပါဝင်သော တောင်သူများ ပူးပေါင်းပါဝင်သည့် စပါးအထွက်နှုန်းကွာခြားမှုကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၏ စပါးစိုက်ပျိုးရာ ဂေဟစနစ်တိုင်းတွင် နမူနာယူ၍ တောင်သူတစ်ဦးချင်းဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံသုတေသနဗဟိုဌာနမှ ဒေါက်တာ စန္ဒာမိုးက “စပါးမျိုးသစ်များ မွေးမြူရွေးချယ်ထုတ်လုပ်ခြင်းဆိုင်ရာ အခြေခံနည်းလမ်းများ” ခေါင်းစဉ်ဖြင့် ရေရှည်တည်တံ့သော စပါးစိုက်ပျိုးထုတ်လုပ်မှုအတွက်စပါးမျိုးများ၏ အရေးပါမှုအခန်းကဏ္ဍ၊ စပါးမျိုးမွေးမြူလုပ်ငန်း၏ အရေးပါမှု၊ စပါးမျိုးမွေးမြူထုတ်လုပ်ပုံအဆင့်ဆင့်၊ လာအိုနိုင်ငံ၏တောင်သူ ပူးပေါင်းပါဝင်သော မျိုးမွေးမြူရွေးချယ်ခြင်း၏ အောင်မြင်မှုရလဒ်များ၊ မြန်မာနိုင်ငံတွင် လက်ရှိတောင်သူ ပူးပေါင်းပါဝင်သော မျိုးမွေးမြူရွေးချယ်ခြင်း ဆောင်ရွက်နေမှုများကို ဆွေးနွေးသည်။

ဆွေးနွေးချက်အပေါ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မိုးမျိုးတင့်က ဖြည့်စွက်ဆွေးနွေးပြီး စပါးမျိုးရွေးချယ်ရာတွင် အခြေခံရွေးချယ်လိုအပ်သည့် လက္ခဏာများနှင့် စပ်လျဉ်း၍ စစ်ကိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးများမှ တောင်သူများက သဘောထားမှတ်ချက်များ တင်ပြဆွေးနွေးခဲ့ကြသည်။

ယနေ့ကျင်းပသည့် (၇၂) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မွေးမြူရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များ၊ စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့မှ တောင်သူ ၄၀ တို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပညာရှင်နှင့် တောင်သူ ၁၂၄ ဦးတို့က Zoom point ၁၀၀ မှ တက်ရာက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။


Posted on Jun 09, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Posted on Jun 05, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Posted on Jun 04, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)

Posted on Jun 8, 2026

ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)

အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ‌ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

Posted on Jun 8, 2026

အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ‌ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း

Posted on Jun 4, 2026

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း