ဒုတိယဝန်ကြီး ဦးသိုက်စိုး ဝန်ထမ်းအဆောင်များ၊ လိုင်းခန်းများနှင့် ယာယီဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးသိုက်စိုး ဝန်ထမ်းအဆောင်များ၊ လိုင်းခန်းများနှင့် ယာယီဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 07, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ပြည်ထောင်စုဝန်ကြီးရုံးအပါအဝင် ဦးစီးဌာနလေးခုတို့မှ ဝန်ထမ်းများနေထိုင်လျက်ရှိသော အဆောင်များ၊ လိုင်းခန်းများ၊ ယာယီဝန်ထမ်း အိမ်ရာများနှင့် Prefabricated Modular House များကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ပြည်ထောင်စုဝန်ကြီးရုံး၊ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ အမျိုးသမီးဝန်ထမ်းများ နေထိုင်လျက်ရှိသော သဇင် (၄) အဆောင်သို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ပြန်လည်ပြုပြင်ပြီးစီးမှု၊ အဆောင်များ၏ သန့်ရှင်းရေး၊ မီးဘေးလုံခြုံရေးနှင့် ရေ၊ မီး၊ မိလ္လာစနစ်များ ကောင်းမွန်မှုရှိမရှိ၊ ဝန်ထမ်းများ၏ သွားလာနေထိုင်စားသောက်ရေး အဆင်ပြေမှုရှိမရှိတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဝန်ထမ်းများနှင့်တွေ့ဆုံကာ မိမိတို့ ဘဝတိုးတက်မြင့်မားရေးအတွက် အားလပ်ချိန်များတွင် အသိပညာဗဟုသုတတိုးပွားအောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ကျန်းမာရေးဂရုစိုက်ကြရန် နှင့် အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် တာဝန်ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ယာယီနေထိုင်လျက်ရှိသော ပျဉ်းမနားမြို့ ခရိုင်ဦးစီးမှူးရုံးအတွင်းရှိ ယာယီဝန်ထမ်းအိမ်ရာများနှင့် သင်တန်းသားအိပ်ဆောင်များကိုလည်းကောင်း၊ ယန္တရားဝင်းအတွင်းရှိ ဂိုဒေါင်များတွင်ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေးအခန်းများဖွဲ့စည်း၍ နေရာချထားပေးမှုနှင့် ရေချိုးခန်း၊ သန့်စင်ခန်းများ အဆင်ပြေမှုရှိမရှိ၊ အသစ်တည်ဆောက်ပေးထားသော ခြောက်ခန်းတွဲအိမ်ရာနှစ်လုံးတွင် ဝန်ထမ်းများနေထိုင်ရာ၌ အဆင်ပြေမှုရှိမရှိတို့ကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းတစ်ဦးချင်း၏ အခက်အခဲများကိုမေးမြန်းကာ လိုင်းခန်းများအတွက်နေကာ (Sun Shade) များ စီစဉ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအားမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးရုံး မြေနေရာသို့သွားရောက်၍ ဝန်ထမ်းများ ယာယီ နေထိုင်နိုင်ရေး လေးခန်းတွဲ အိမ်ရာ ၁၀ လုံးနှင့် Prefabricated Modular House နှစ်လုံး ဆောက်လုပ်ပေးခဲ့ပြီး ဝန်ထမ်းများ နေထိုင်နေမှုကိုလည်းကောင်း၊ ရေချိုးခန်းနှင့် သန့်စင်ခန်းများ စနစ်တကျဖြစ်စေရေး ကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) ရုံးအမှတ် ၃၆-B သို့သွားရောက်ပြီး ပစ္စည်းသိုလှောင်ရုံများနှင့် ယာဉ်ယန္တရား ဂိုဒေါင်များအတွင်း ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေး အခန်းများဖွဲ့စည်းနေထိုင်နေမှုကိုလည်းကောင်း၊ ယာယီဝန်ထမ်းအိမ်ရာများနှင့် Prefabricated Modular House များကိုလည်းကောင်း လိုက်လံ ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းတစ်ဦးချင်း၏ အခက်အခဲများကိုမေးမြန်း၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Posted on Dec 07, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Posted on Dec 06, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Posted on Dec 05, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Posted on Dec 04, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 03, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Posted on Dec 02, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Posted on Dec 6, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Posted on Dec 6, 2025

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Posted on Dec 6, 2025

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

HOT NEWS
January 4,