နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး/ နေပြည်တော် / December 02, 2025
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး(ယာယီရုံး)၊ အစည်းအဝေးခန်းမ၌ ၂၇-၁၁-၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ် ခဲ့ရာ ဒေါက်တာ ခိုင်ဇာသွယ်၊ ဒုတိယညွှန်ကြားရေးမှူးက “၁၉၄၇ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၂၅ အရ အမှုခေါ်စာချွန်တော်အမိန့် ထုတ်ဆင့်လျှောက်ထားသည့် ဒေါ်စိန်ဖြူနှင့်ဧရာဝတီတိုင်း သီးစားချထားရေးကော်မတီပါ ၃ အမှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စု မြန်မာနိုင်ငံတော်တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်အား လေ့လာတင်ပြခြင်း” သုတေသနစာတမ်းကို ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားဆွေးနွေးခြင်းနှင့် စာတမ်း ကြီးကြပ်သူ ခုံရုံးအဖွဲ့ဝင် ဒေါ်နန်းစန္ဒာစမ်းက သုံးသပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အရာထမ်း၊ အမှုူထမ်းများ တက်ရောက်ခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၆/၂၀၂၅)
Posted on Dec 2, 2025ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
Posted on Nov 29, 2025ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
Posted on Nov 29, 2025ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
