ပေါက်မြို့နယ်၊ ဝန်ခြုံးကျေးရွာ၌ ဇူလိုင် ၃၁ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မီးရှို့တယ် ဆိုပြီး သတင်းထွက်ပေါ်နေမှုနှင့် ဝန်ခြုံးကျေးရွာနဲ့ ပင်တောင်ရွာကြားမှာ ထောင်ထားတဲ့ မိုင်းများ နင်းမိတာ ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးတယ်ဆိုတာ သတင်းနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က ပြန်လည်ဖြေကြား

ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / August 01, 2021
image_latest

နေပြည်တော်၊ သြဂုတ် ၁

မေး။ ပေါက်မြို့နယ်၊ ဝန်ချုံးကျေးရွာမှာ ဇူလိုင် ၃၁ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မီးရှို့ တယ် ဆိုပြီး သတင်းထွက်ပေါ်နေမှုနှင့် ဝန်ချုံးကျေးရွာနဲ့ ပင်တောင်ရွာကြားမှာ ထောင်ထားတဲ့ မိုင်းများနင်းမိတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးတယ်ဆိုတာ သတင်းနဲ့ ပတ်သက်ပြီး သတင်းမှန်ကို သိလိုပါတယ်ရှင်။

ဖြေ။ PDF လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူ ၄၀ ဦးခန့်သည် လက်နက်ငယ်များ ၊ တူမီးသေနတ်များ ကိုင်ဆောင်၍ ပေါက်မြို့နယ်ရှိ ပင်တောင်ကျေးရွာအား တိုက်ခိုက်ဖျက်ဆီး ရန်အတွက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် နံနက် ၉ နာရီတွင် ပင်တောင်ရွာ၏ အနောက်တောင် ဘက် မီတာ ၃၀၀၀ ခန့်ရှိ တောင်ကုန်းတစ်ခုပေါ်သို့ရောက်ရှိစဉ် ပင်တောင်ရွာသား ၂၀ ဦးခန့်က ရွာ၏အနောက်တောင်ဘက် မီတာ ၁၃၀၀ ရှိ တောင်ကုန်းက စောင့်ကြိုခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။

နံနက် ၁၁ နာရီတွင် PDF လက်နက်ကိုင်အကြမ်းဖက်သမားများသည် နွယ်ခေါင်ရွာမှ ပင်တောင်ရွာသို့ ဆိုင်ကယ် ဖြင့်ပြန်လာသော ပင်ထောင်ရွာနေ ဦးထီမြို့ ၄၈ နှစ်နှင့် နွယ်ခေါင်ရွာနေ မောင်နိုင်လင်း ၁၉ နှစ်တို့ နှစ်ဦးအား အကြောင်းမဲ့ဖမ်းဆီးကာ အနောက်ဘက် ဝန်ကြုံးရွာဘက်သို့ ဆုတ်ခွာသွားခဲ့သည်။ ၁၁:၃၀ နာရီတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဆုတ်ခွာသွားသော PDF လက်နက်ကိုင်အကြမ်း ဖက်သမားများအား လိုက်လံဖမ်းဆီးရာ ပင်တောင်နှင့် ဝန်ကြုံးရွာကြားအရောက်၌ ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၁၂:၄၀ နာရီတွင် PDF များသည် ထပ်မံဆုတ်ခွာစဉ် ပင်တောင်ကျေးရွာနေ နေမင်းလတ် ၁၉ နှစ်အား တွေ့ရှိ၍ ထပ်မံဖမ်းဆီး ခေါ်ဆောင်ဆုတ်ခွာသွားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လိုက်လံဖမ်းဆီးရာ ဝန်ခြုံးရွာအဝင်ရှိ PDF များနေထိုင်ခဲ့သည့် တဲအတွင်းမှ လက်လုပ်မိုင်း ၄ လုံးနှင့် မိုင်းထောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့ပြီး ဦးထီမြို့မှာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေပြီး မောင်နိုင်လင်းမှာ ယာပေါင်တူမီး ကျည်ထိမှန်ဒဏ်ရရှိသည်ကို တွေ့ရှိရသဖြင့် ပေါက်မြို့ပြည်သူဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးခဲ့သည်။

PDF လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများသည် ဆုတ်ခွာထွက်ပြေးစဉ် ဝန်ခြုံးကျေးရွာ အနောက်တောင်ဘက်ရှိ ၎င်းတို့အသုံးပြုရန် သိုလှောင်ထားသော ဖောက်ခွဲ ဖျက်ဆီးရေးပစ္စည်းများအား ဖျက်ဆီး၍ ထွက်ပြေးသဖြင့် နေအိမ်အချို့ ပျက်ဆီးမှုရှိခဲ့သည်။

အလားတူ PDF လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများသည် ဇူလိုင်လ ၃၁ ရက် ည ခုနှစ်နာရီခန့်တွင် မင်းကင်းမြို့နယ် ပန်းဆက်ကျေး ရွာတောင်ဘက် ၃ ဖာလုံခန့်ရှိ(ဒေသအခေါ် တောင်ခုံ)လူနေအိမ် ၂၇ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် မီးရှို့ဖျက်ဆီး ခံရသည့် နေအိမ်များရှိ အပြစ်မဲ့မိသားစုများမှာ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအား ကြောက်လန့်နေသဖြင့် နီးစပ်ရာဆွေ မျိုးများနေအိမ်တွင် တိမ်းရှောင်နေထိုင် နေရကြောင်းသိရှိရသည်။

၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။

Posted on Sep 19, 2021

၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ စနေနေ့။

Posted on Sep 18, 2021

၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ သောကြာနေ့။

Posted on Sep 17, 2021

၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ကြာသပတေးနေ့။

Posted on Sep 16, 2021

၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ကြာသပတေးနေ့။

Posted on Sep 16, 2021

၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။

Posted on Sep 15, 2021
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

Online e-recruitment system စမ်းသပ်အသုံးပြုခြင်းဆိုင်ရာအချက်အလက်များ

Posted on Sep 18, 2021

Online e-recruitment system စမ်းသပ်အသုံးပြုခြင်းဆိုင်ရာအချက်အလက်များ

ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးများအတွက် Mobile Application အသုံးပြု၍ လျှောက်ထားသူများအသုံးပြုရန်လမ်းညွှန်

Posted on Sep 18, 2021

ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးများအတွက် Mobile Application အသုံးပြု၍ လျှောက်ထားသူများအသုံးပြုရန်လမ်းညွှန်

ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးများအတွက် Online မှ လျှောက်ထားနိုင်ရန် E-Recruitment System User Guide

Posted on Sep 18, 2021

ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးများအတွက် Online မှ လျှောက်ထားနိုင်ရန် E-Recruitment System User Guide