ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဝါကြိတ်စက်ရုံ (ရမည်းသင်း) စက်ရုံလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဝါကြိတ်စက်ရုံ (ရမည်းသင်း) စက်ရုံလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 13, 2026
နေပြည်တော် ဇန်နဝါရီ ၁၂
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ ဝါကြိတ်စက်ရုံ (ရမည်းသင်း) သို့ ရောက်ရှိရာ စက်ရုံမှူးက စက်ရုံ ဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဝါစိုက်တောင်သူများအနေဖြင့် ထွက်ရှိသည့်ဝါများကို ကုန်ကြမ်းအဖြစ် တိုက်ရိုက်ရောင်းချ ခြင်းထက် တစ်နိုင်တစ်ပိုင် ကြိတ်ခွဲထုတ်လုပ်ခြင်းဖြင့် ဝင်ငွေပိုမို တိုးတက်ရရှိနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ တောင်သူတစ်ဦးချင်း တစ်ပိုင်တစ်နိုင်ဆောင်ရွက်ရာမှ MSME များ ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသတွင်း ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဖြစ်၍ လုပ်ငန်းတာဝန်များကို အလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဝါမှသည် ဝါဂွမ်း၊ ချည်၊ ပိတ်၊ အဝတ်အထည်ထုတ်လုပ် သည့်လုပ်ငန်းများ အောင်မြင် အောင် ဆောင်ရွက်နိုင်လျှင် ပြည်တွင်းအဝတ်အထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ကျရာကဏ္ဍမှ ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စက်ရုံရှိ ဝါကြိတ်စက်များအားလုံး စက် စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် လိုအပ်သော စက်အရန်ပစ္စည်းများကို ကြိုတင်ဖြည့်ဆည်းထားရမည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးမရရှိသည့်ဒေသများတွင် Solar PV System ဖြင့် ဝါကြိတ်စက်များ၊ ဆီစက်များ လည်ပတ်ကြိတ်ခွဲနိုင် ကြောင်းနှင့် စက်တပ်ဆင်နည်းစနစ်များကို ပြည်သူများသိရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားပြီး ကြိတ်လုံး နှစ်လုံးတပ် ဝါကြိတ်စက်အား နေရောင်ခြည် စွမ်းအင်ဖြင့် လည်ပတ်ကြိတ်ခွဲနေမှု၊ ကြိတ်လုံး နှစ်လုံးတပ် ဝါကြိတ်စက်အား ပြုပြင်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
Posted on Feb 14, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
Posted on Feb 13, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
Posted on Feb 12, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Feb 11, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Posted on Feb 10, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Posted on Feb 09, 2026
အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်
Posted on Feb 11, 2026ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း
Posted on Feb 11, 2026တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း
Posted on Feb 11, 2026၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။
