ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော သံချောင်းလုံးများ အထူးကုန်ရထားဖြင့် မန္တလေးမြို့သို့ ဒုတိယအကြိမ်ရောက်ရှိ

ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော သံချောင်းလုံးများ အထူးကုန်ရထားဖြင့် မန္တလေးမြို့သို့ ဒုတိယအကြိမ်ရောက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 09, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၈

ငလျင်ဘေးဒဏ်ခံခဲ့ရသော ဒေသများရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသည့် သံချောင်းလုံးများအား မြန်မာ့မီးရထား အထူးကုန်ရထားများဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် HRB 500 အမျိုးအစား သံချောင်းလုံး ၄၉၀ ဒသမ ၅၃ တန် မန္တလေးမြို့သို့ ဒုတိယအကြိမ်အဖြစ် ပို့ဆောင်ရောက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဘေးဒဏ် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော သံချောင်းလုံးများကို ရန်ကုန်မြို့မှ အထူးကုန်ရထားများ ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ဒုတိယအကြိမ်အဖြစ် အဆိုပါသံချောင်းလုံးများ တင်ဆောင်လာသော အထူးကုန်ရထားသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မြို့ဟောင်းဘူတာသို့ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးအတွင်း ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ဆက်လက်ဖြန့်ဖြူးပေးသွားမည် ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော HRB 500 အမျိုးအစား သံချောင်းလုံးများကို ပေးပို့လျက်ရှိရာ ပထမအကြိမ်တွင် သံချောင်းလုံး တန်ချိန် ၄၈၆ ဒသမ ၈၈၆ တန်နှင့် ယခုအကြိမ်တွင် သံချောင်းလုံး တန်ချိန် ၄၉၀ ဒသမ ၅၃ တန် ပို့ဆောင်ပေးပြီး စုစုပေါင်း သံချောင်းလုံးတန်ချိန် ၉၇၇ ဒသမ ၄၁၄ တန် ပို့ဆောင်လွှဲပြောင်းပြီးဖြစ်ကြောင်းနှင့် အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော HRB 500 အမျိုးအစား သံချောင်းလုံးများကို ဆက်လက်ပို့ဆောင်ပေးရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Posted on Dec 07, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Posted on Dec 06, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Posted on Dec 05, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Posted on Dec 04, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 03, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Posted on Dec 02, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Posted on Dec 6, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Posted on Dec 6, 2025

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Posted on Dec 6, 2025

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

HOT NEWS
January 4,