ရှမ်းပြည်နယ်၊ ကလောမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တို့၌ ဓားဦးချွန် ကိုင်ဆောင်သွားလာနေသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ
ရှမ်းပြည်နယ်၊ ကလောမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တို့၌ ဓားဦးချွန် ကိုင်ဆောင်သွားလာနေသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / July 20, 2025
ရှမ်းပြည်နယ်၊ ကလောမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တို့၌ ဓားဦးချွန် ကိုင်ဆောင်သွားလာသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇ ရက် ည ၉ နာရီတွင် ကလောမြို့နယ်၊ အောင်ပန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်၊ ပင်းတယလမ်းပေါ်အရောက်၌ အဆိုပါရပ်ကွက်နေ ရဲဇော်ဖြိုး(၃၁)နှစ်အား အရိုး/အသွား ၁၀ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း ကိုင်ဆောင်သွားလာနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ရဲဇော်ဖြိုးအား အောင်ပန်းနယ်မြေရဲစခန်း၌လည်းကောင်း။
အလားတူ ဇူလိုင် ၁၈ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် အမရပူရမြို့နယ်၊ မြစ်ငယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအရောက်၌ အဆိုပါကျေးရွာနေ တေဇာထွန်း(ခ)ဖိုးလပြည့်(၂၇)နှစ်အား အရိုး/အသွား ၉ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း ကိုင်ဆောင် သွားလာနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် တေဇာထွန်း(ခ)ဖိုးလပြည့်အား မြစ်ငယ်နယ်မြေရဲစခန်း၌လည်းကောင်း လက်နက်ဥပဒေ ပုဒ်မ ၂၃(က) ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ဝဇီရာရုပ်ရှင်ရုံနှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ လှူဒါန်းပေးပို့ပေးပါရန် မေတ္တာရပ်ခံခြင်း
Posted on Jul 20, 2025ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း အမှတ် ၃၂၇ တွင် တည်ရှိသည့် ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂၃ ခုနှစ်ခန့်က တည်ဆောက်ခဲ့သည့် ရှေးဟောင်းရုပ်ရှင်ရုံဖြစ်ပြီး ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ဗိသုကာအသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံများ၊ ရုပ်လုံးကြွများဖြင့် တန်ဆာဆင်တည်ဆောက်ထားသဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းအတွက် ဂုဏ်ယူထိန်းသိမ်းထားရမည့် အဆောက်အအုံကြီးတစ်ခုဖြစ်ပါသည်။ ဝဇီရာရုပ်ရှင်ရုံကြီးသည် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များက ရုပ်ရှင်ဇာတ်ကားများ၊ ပြဇာတ်များအား ပြည်သူများ အပန်းဖြေပျော်ရွှင်စေရန် တင်ဆက်ပြသခဲ့သည့် ရုပ်ရှင်ရုံကြီးဖြစ်သည့်အတွက် အနုပညာစိတ်ဝိညာဉ်များ ဆုံစည်းရာနေရာတစ်ခုလည်း ဖြစ်ပါသည်။
ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
Posted on Jul 19, 2025၁။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရတနာဒီပရပ်ကွက်၊ ကြာအင်းတောင်ပေါ်လမ်း၊ အိမ်အမှတ် [၉/၃၄(A)] တွင် ပါတီရုံးချုပ်တည်ရှိသော ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၁၅-၇-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်
Posted on Jul 18, 2025ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်