ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့၌ ဘိန်းခင်းများ ဖျက်ဆီး
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့၌ ဘိန်းခင်းများ ဖျက်ဆီး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / December 07, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်က ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့၌ ဘိန်းခင်း စုစုပေါင်း ၆၃ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၆ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်မှ ညနေ ၃ နာရီ ၄၀ မိနစ်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ လိန့်ညားကျေးရွာအုပ်စု၊ ဟန်အင်ကျေးရွာ၏ အနောက်တောင်ဘက် သုံးမိုင်ခန့် အကွာတွင် စိုက်ပျိုးထားသည့် အမြင့် ၂ ပေခွဲခန့်ရှိ ဘိန်းခင်း ၃၈ ဧကခန့်အား လည်းကောင်း။
အလားတူ နံနက် ၉ နာရီ ၁၀ မိနစ်မှ ညနေ ၃ နာရီထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စု၊ ထီတန်းကျေးရွာ၏ အရှေ့တောင်ဘက် တစ်မိုင်ခန့်အကွာတွင် စိုက်ပျိုးထားသည့် အမြင့် ၃ ပေခန့်ရှိ ဘိန်းခင်း ၁၄ ဧကခန့်အားလည်းကောင်း။
ထို့အတူ နံနက် ၈ နာရီ ၅ မိနစ်မှ ညနေ ၄ နာရီ ၁၅ မိနစ်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ နောင်လိုင်မူဖိတ် ကျေးရွာအုပ်စု၊ ပန်ကုလားကျေးရွာ၏ အရှေ့ဘက် ငါးဖာလုံခန့်အကွာတွင် စိုက်ပျိုးထားသည့် အမြင့် ၂ ပေခန့်ရှိ ဘိန်းခင်း ၁၁ ဧကခန့်အား လည်းကောင်း အသီးသီးဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
Posted on Dec 6, 2025ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ
Posted on Dec 6, 2025ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ
ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ
Posted on Dec 6, 2025ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ
