၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန/ နေပြည်တော် / July 27, 2024


၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၆-၇-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီဝင်ဌာနများမှကိုယ်စားလှယ်များ၊ တက္ကသိုလ်များမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သစ်တောဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမင်းသူက ယနေ့ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသည် ဒီရေတောအရေးပါမှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး ဒီရေတောများထိန်းသိမ်းရေးနှင့် ပြန်လည်တည်ထောင်ရေးများတွင် ပြည်သူများနိုးကြားစွာဖြင့် ပိုမိုပူးပေါင်းပါဝင်လာစေရေးအတွက် ဒီရေတောများသားစဉ်မြေးဆက် ထိန်းသိမ်းအသုံးပြုနိုင်ရေး ပြည်သူလူထုအသိပညာမြှင့်တင်ပေး ဟူသောဆောင်ပုဒ်ဖြင့် နှစ်စဉ်ကျင်းပခြင်းဖြစ်ပါကြောင်း၊

ဒီရေတောများသည် ကမ္ဘာ့အပူပိုင်း မုတ်သုံရာသီဥတုရရှိသည့် နိုင်ငံပေါင်း (၁၂၃)နိုင်ငံမှာ ပေါက်ရောက်ပြီး ကမ္ဘာ့သစ်တောများ၏ ၀.၄ % သာ ရှိပါကြောင်း၊ မြန်မာနိုင်ငံမှာ ကမ်းရိုးတန်းတိုင်းဒေသကြီး (၄) ခုနှင့် ပြည်နယ် (၂) ခုမှာ ဒီရေတောဧရိယာဧက (၁.၁) သန်းကျော် ပိုင်ဆိုင်ထားသည့်အတွက် ကမ္ဘာပေါ်တွင် သတ္တမမြောက်ဒီရေတောဧရိယာ အများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်ပါကြောင်း၊

ဒီရေတောများက ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုး ထောက်ပံ့ ပေးနိုင်သည့်အပြင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရှိကြောင်း၊ ဒီရေတောများဟာ လူဦးရေတိုးလာခြင်းနှင့်အတူ ပျက်စီးမှုကြုံတွေ့နေရသည့်အတွက်                         ဒီရေတောသယံဇာတများထိန်းသိမ်းရေးနှင့် အသုံးပြုသူများအကြား ထိန်းညှိပေးပြီး ဟန်ချက်ညီညီ ဖွံ့ဖြိုးစေရန် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

နိုင်ငံတော်အနေဖြင့် ဒီရေတောအမျိုးအစားနှင့် အခြေအနေပေါ်မူတည်၍ စီမံအုပ်ချုပ်ခြင်း မဟာဗျူဟာ(၃)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ ဒီရေတောကြိုးဝိုင်း/  ကြိုးပြင်ကာကွယ်တော (၄၄)ခု၊ အဏ္ဏဝါအမျိုးသားဥယျာဉ်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ  (၆)ခု တည်ထောင်နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသစ်တောပြန်လည်တည်ထောင်ရေးစီမံကိန်း အစီ အစဉ်ဖြင့် ၂၀၂၄ ခုနှစ်အထိ ဒီရေတောစိုက်ခင်း (၂၁၈၃၀) ဧက တည်ထောင်ခဲ့ပြီးဖြစ်ပါကြောင်း၊

သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ကြိုတင်အစီအမံများချမှတ်ခြင်းနှင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းတို့ကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီရေတောများ ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် ပြည်သူများ ပူးပေါင်းပါဝင်မှုအခန်းကဏ္ဍသည် အထူးအရေးကြီးပြီး လူထုအခြေပြု ဒီရေတောစိုက်ပျိုးခြင်း၊ ဒေသခံအစုအဖွဲ့ပိုင်သစ်တောများ တည်ထောင်ခြင်း၊ အစိမ်းရောင်တံတိုင်း (Green Belt) များကို လူထုပူးပေါင်းပါဝင်မှုဖြင့် တည်ထောင်ခြင်းတို့တွင် ပြည်သူလူထုပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်ခြင်းဖြစ်ပါကြောင်း၊

ဒီရေတောအရေးပါပုံကို သိရှိနားလည်ပြီး သားစဉ်မြေးဆက် ထိန်းသိမ်းအသုံးပြုနိုင်ရေး တွင် ပြည်သူများ ပူးပေါင်းပါဝင်လာစေရေးအတွက် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲများ ၊ သစ်ပင်စိုက်ပျိုးပွဲတော်များ၊ စကားဝိုင်းဆွေး နွေးပွဲကျင်းပခြင်းနှင့် ပညာပေးပိုစတာများ ခင်းကျင်းပြသခြင်းဖြင့် အနှစ်သာရရှိစွာ ကျင်းပ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက အခမ်းအနားနေ့အထိမ်းအမှတ်အဖြစ် သစ်တောဦးစီးဌာန၊ ဝန်ထမ်းမိသားစုများအား ပညာသင်ထောက်ပံ့ရန်ပုံငွေနှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ပြီးနောက် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံဒီရေတောဂေဟစနစ်များထိန်းသိမ်းရေး အားလုံးပါဝင်ဆောင်ရွက်ပေး ခေါင်းစဉ်ဖြင့် Keynote Presentation အား ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများမှ ခင်းကျင်းပြသထားသော အထိမ်းအမှတ်ပိုစတာများကို လှည့်လည်ကြည့်ရှုခဲ့သည်။


၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်၊ သြဂုတ် ၃၁ ရက်၊ စနေနေ့။


Posted on Aug 31, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၃၀ ရက် ၊ သောကြာနေ့။


Posted on Aug 30, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၂၉ ရက် ၊ ကြာသပတေးနေ့။


Posted on Aug 28, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက်၊ သြဂုတ် ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 27, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက်၊ သြဂုတ် ၂၇ ရက်၊ အင်္ဂါနေ့။


Posted on Aug 27, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက်၊ သြဂုတ် ၂၆ ရက်၊ တနင်္လာနေ့။


Posted on Aug 26, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြည်သူများထံ အသိပေးပန်ကြားချက်

Posted on Aug 31, 2024

ပြည်တွင်းတွင် သာမန်မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားလာမှုနှင့် ပတ်သက်၍ ၁-၉-၂၀၂၄ ရက်မှစ၍ စာအုပ်ဖိုးငွေ ၃၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၃၄/၂၀၂၄)

Posted on Aug 30, 2024

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၃၄/၂၀၂၄)

HOT NEWS
January 4,