(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်တွင် မြန်မာအမျိုးသမီးဘောလုံးအသင်းက မလေးရှားအမျိုးသမီးဘောလုံးအသင်းအား သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိ

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်တွင် မြန်မာအမျိုးသမီးဘောလုံးအသင်းက မလေးရှားအမျိုးသမီးဘောလုံးအသင်းအား သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 09, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၈

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်တွင် မြန်မာအသင်းအတွက် ဒုတိယပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် မလေးရှားအမျိုးသမီးဘောလုံးအသင်းတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ရှိ TNSU Chonburi Stadium (Chonburi) ၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ မြန်မာအမျိုးသမီးဘောလုံးအသင်းက မလေးရှား အမျိုးသမီးဘောလုံးအသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါအမျိုးသမီးဘောလုံးပြိုင်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ထိုင်းနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုး၊ စစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအပါအဝင် အားကစားဝါသနာရှင် ပရိသတ်အင်အား ၃၁၆၆ ဦးခန့် တစ်ခဲနက်ကြည့်ရှုအားပေးကြသည်။

ပွဲစဉ်ပထမပိုင်း ၄၅ မိနစ်တွင် ဦးဆောင်ဂိုးရရှိရေးအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး ၂၆ မိနစ် ၃၉ စက္ကန့်တွင် မြန်မာအသင်းမှ ကျောနံပါတ် ၈ စန်းသော် သော်က ဦးဆောင်ဂိုးအား သွင်းယူ ခဲ့ပြီး ၃၅ မိနစ် ၂၉ စက္ကန့်တွင် မြန်မာအသင်းမှ ကျောနံပါတ် ၁၃ တိုက်စစ်မှူး မေထက်လူက ဒုတိယဂိုးအား ထပ်မံသွင်းယူခဲ့ရာ မလေးရှားအသင်းက ချေပဂိုးပြန်လည်ရရှိရေးနှင့် မြန်မာအသင်းက အနိုင်ဂိုးများ ထပ်မံသွင်းယူနိုင်ရေးတို့အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ကစား၍ ပထမပိုင်း ၄၅ မိနစ်အပြီး အချိန်ပို ၅ မိနစ်အထိ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့သည်။

ဆက်လက်၍ ဒုတိယပိုင်း ၄၅ မိနစ်ကို ယှဉ်ပြိုင်ကစားကြရာ ၆၅ မိနစ် ၄ စက္ကန့်တွင် မြန်မာအသင်းမှ ကျောနံပါတ် ၇ ဝင်းသိင်္ဂီထွန်းက မြန်မာအသင်းအတွက် တတိယမြောက်အနိုင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက မလေးရှားအသင်းကို သုံးဂိုး - ဂိုးမရှိဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

မြန်မာအမျိုးသမီးဘောလုံးအသင်းသည် အမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စု (ခ) တွင် ဖိလစ်ပိုင်၊ မလေးရှားနှင့် ဗီယက်နမ်အသင်းတို့နှင့် အုပ်စုအတူကျရောက်ပြီး မြန်မာအသင်းအနေဖြင့် ဒီဇင်ဘာ ၅ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ (ယနေ့) ဒီဇင်ဘာ ၈ ရက်တွင် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားမှုတွင် သုံးဂိုးပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက်တွင် မြန်မာအသင်း၏ တတိယပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Posted on Dec 07, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Posted on Dec 06, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Posted on Dec 05, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Posted on Dec 04, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Posted on Dec 6, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Posted on Dec 6, 2025

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Posted on Dec 6, 2025

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

HOT NEWS
January 4,