မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၆/ ၂၀၂၅)

နောက်ဆုံးရသတင်းများ - ၁၀၄၇၀၉ ခု

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၂) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအားကြိုဆို

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 17, 2026

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၂) သို့ တက်ရောက်ကြမည့် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံ့သားကောင်းရတနာများအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်စိုးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၂၆ ခုနှစ်)

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 17, 2026

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၂၆ ခုနှစ်)

မယ်စဲ့မြို့နယ်ရှိ သံလွင်တံတား (ဖားဆောင်း) အား KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 17, 2026

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား (ဖားဆောင်း) အား KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ယနေ့နံနက်ပိုင်းတွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၌  PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ပြည်ထဲရေးဝန်ကြီးဌာန / Posted on February 17, 2026

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော ......................

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးတို့အား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင် 

ပြည်ထဲရေးဝန်ကြီးဌာန / Posted on February 17, 2026

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများ အတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ .......................................

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

ပြည်ထဲရေးဝန်ကြီးဌာန / Posted on February 17, 2026

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်က ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့၌.................................


၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Feb 17, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Posted on Feb 16, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 15, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Posted on Feb 14, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Posted on Feb 13, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Feb 12, 2026

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၆/ ၂၀၂၅)


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်/ Yangon / June 20, 2025


၁။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ရာသီစတင်ချိန်မှာပင် ထင်မှတ်မထားသော အကြမ်း ဖက်လုပ်ရပ်များကို ဝမ်းနည်းဖွယ်ကြားသိရပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းဘုရား (ညောင်ပင်ကန်) ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) မှ ကျောင်းအုပ် ဆရာမကြီးနှင့် ၎င်း၏ ခင်ပွန်းတို့ သတ်ဖြတ်ခံရခြင်း၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ပွင့် တောက်ကျေးရွာ စက်လှေဆိပ်၌ အထက်တန်းပြ ဆရာမနှင့် ပညာရေးကောလိပ် တက်ရောက်မည့် ကျောင်းသူများအား အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်ခြင်း၊ နတ်မောက်မြို့နယ် ကူနီ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း (မူလွန်) မှ ကျောင်းအုပ်ဆရာမကြီးတစ်ဦး ဖမ်းဆီး သတ်ဖြတ်ခံရခြင်း၊ ဝက်ချုပ်ကျေးရွာတွင် အလယ်တန်းပြ ဆရာမတစ်ဦးနှင့် ​၎င်း၏ ခင်ပွန်းတို့ သတ်ဖြတ်ခံရခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များသည် အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်နှင့် တည်ငြိမ်အေးချမ်းမှု ရရှိခံစားခွင့်စသည့် အခြေခံလူ့အခွင့်အရေး များကို ထိခိုက်စေပါသည်။

၂။ ငြိမ်းချမ်းစွာ ပညာသင်ယူခွင့် ရရှိခံစားနိုင်ရေးအတွက် အဓိက တာဝန်ယူဖော်ဆောင်ပေးနေ သော ဆရာ ဆရာမများအပါအဝင် ကျောင်းသူ ကျောင်းသားများ၊ စာသင်ကျောင်းများအား နည်းမျိုး စုံဖြင့် အကြမ်းဖက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ရန်ရှာဖမ်းဆီးခြင်း၊ ခြိမ်းခြောက်နှောင့်ယှက် ခြင်းနှင့် အကြောင်းအမျိုးမျိုးဖြင့် ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်နေခြင်းတို့သည် ကမ္ဘာ့လူ့ အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၃ ပါ အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့်နှင့် အပိုဒ် ၂၆ ပါ ပညာသင်ယူခွင့် အခွင့်အရေးတို့ကို ချိုးဖောက်ခြင်းပင် ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် အမျိုးသား ပညာရေးဥပဒေအရ “နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်ကို နိုင်ငံသား တိုင်း ခံစားရရှိစေရေး” အလေးအနက် အသိအမှတ်ပြုကာ ပညာရေးနယ်ပယ် အတွင်းရှိ ဆရာ ဆရာမများ၊ ကျောင်းသားလူငယ်များအပါအဝင် ပါဝင်ဆောင်ရွက်လျက်ရှိသူ အားလုံး ထိခိုက်နစ်နာ မှု မရှိစေရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ပါသည်။

၃။ ထို့ပြင် လမ်းတံတားများ၊ တာဝါတိုင်များ၊ လူနေအိမ်အဆောက်အဦများ၊ ဆေးရုံများ ဖျက်ဆီး ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များသည်လည်း တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝကို ထိခိုက်နစ်နာစေပါသည်။ ထိုသို့သော အကြမ်းဖက်လုပ်ရပ်များသည် နိုင်ငံနှင့် ပြည်သူအတွက် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အဆိုးရွားဆုံး ခြိမ်းခြောက်မှု ဖြစ်ပါသည်။ မည်သည့်အကြမ်းဖက်လုပ်ရပ်မဆို ရာဇဝတ်မှုမြောက်၍ တရားမျှတမှုမရှိဟု ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုထားသည့်နည်းတူ မြန်မာနိုင်ငံတွင် လည်း ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်း၍ အကြမ်းဖက်လုပ်ရပ်များကို ကြိုးပမ်းတိုက်ဖျက် နှိမ်နင်းလျက်ရှိသည်ကို တွေ့မြင်သိရှိရပါသည်။

၄။ နိုင်ငံတစ်ဝှမ်း ငြိမ်းချမ်းစွာ ပညာသင်ယူခွင့်ရရှိစေရန်နှင့် အကြမ်းဖက်လုပ်ရပ်များ လျော့ နည်းပပျောက်စေရန် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့မှာ မရှိမဖြစ် လိုအပ် ပါသည်။ တည်ငြိမ်အေးချမ်းပြီး တာဝန်ယူမှု တာဝန်ခံမှုရှိသော လူ့ဘောင်အဖွဲ့အစည်း ဖြစ်ပေါ် တိုးတက်ရေး၊ အကြမ်းဖက်မှုကြောင့် ထိခိုက်နစ်နာသူများအတွက် ကုစားမှုပေးရေးနှင့် ပြန်လည် ထူထောင်ရေး၊ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးအရ ကွဲပြားခြားနားမှုများကို အလေးထား ညှိနှိုင်း ဆောင်ရွက်ရေးတို့ ပြုလုပ်သွားကြရန်နှင့် တရားဥပဒေစိုးမိုး၍ အကြမ်းဖက်မှုများ ပပျောက်စေရန် သက်ဆိုင်သူများ၊ အဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် လူ့အခွင့်အရေးရှုထောင့်မှ အကြံပြုတိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Download ရယူရန်