ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ မည်သူမဆို တရားမဝင် ဝင်ထွက်ပေါက်များမှ ဝင်ရောက်လျှင်၊ ယင်းသို့ တရားမဝင် ဝင်ရောက်ကြောင်း သိလျက်နှင့် လက်သင့်ခံလျှင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခြင်းခံရမည်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 11, 2020


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ အသိပေးကြေညာခြင်း

၁၃၈၂ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်

(၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လ ၁၀ ရက်) ၁။ Coronavirus Disease 2019 (COMID−19) ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မိမိနိုင်ငံသို့ ပြန်လာလိုသော နိုင်ငံသားများကို အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက်ပေါက်များတွင် တရားဝင်လက်ခံရေးစခန်းများ ဖွင့်လှစ်ပြီး စနစ်တကျလက်ခံ၍ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ။

ထို့အပြင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှလည်း ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လိုသော မြန်မာ နိုင်ငံသားများအနေဖြင့် တရားဝင်နယ်စပ်ဂိတ်များမှသာ ပြန်လည်ဝင်ရောက်စေရန်နှင့် ကျန်းမာရေး စောင့်ကြည့်စစ်ဆေးမှုအား ခံယူစေရန် အကြောင်းကြားပြီးဖြစ်သော်လည်း တရားဝင်လက်ခံရေး စခန်းမရှိသော နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်လာသူများရှိနေသည့်အတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဟန့်အတားများဖြစ်ပေါ်စေနိုင်သည့် အပြင် ရောဂါပြန့်ပွားမှုကို ဖြစ်ပေါ်စေနိုင် ပါသည်။

၃။ သို့ပါ၍ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ မည်သူမဆို တရားမဝင် ဝင်ထွက်ပေါက်များမှ ဝင်ရောက်လျှင်၊ ယင်းသို့ တရားမဝင် ဝင်ရောက်ကြောင်း သိလျက်နှင့် လက်သင့်ခံလျှင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပေးကြေညာ အပ်ပါသည်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊

ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ