ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ယာယီဆိုင်းငံ့ထားခဲ့သည့် အိတ်ဖွင့်တင်ဒါများကို ( ၁၉-၅-၂၀၂၀ )ရက်နေ့ (၁၂:၀၀)နာရီတွင် တင်ဒါပိတ်မည်ဖြစ်ပါကြောင်း အသိပေးကြော်ငြာခြင်း


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ/ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ / May 14, 2020


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရှိလုပ်ငန်းတာ၀န်ခံအဖွဲ့များတွင်အသုံး ပြုရန်အတွက် Generator ၊ ယာဉ်/ယန္တရား၊ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ ဝယ်ယူရန်ခေါ် ယူခဲ့သည့်တင်ဒါများကို ယာယီဆိုင်းငံ့ထားရှိကြောင်း(၂၇-၃-၂၀၂၀)ရက်နေ့တွင် မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများတွင် ကြော်ငြာခဲ့ပါသည်။ အဆိုပါ ယာယီဆိုင်းငံ့ထားခဲ့သည့် အိတ်ဖွင့် တင်ဒါများကို ( ၁၉-၅-၂၀၂၀ )ရက်နေ့ (၁၂:၀၀)နာရီတွင် တင်ဒါပိတ်မည်ဖြစ်ပါကြောင်း အသိ ပေးကြော်ငြာအပ်ပါသည်။

ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီ