ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနဓာတ်ခွဲခန်းတွင် စားသုံးဆီနှင့်ပတ်သက်၍လည်းကောင်း၊ အစားအသောက်တွင် ပါဝင်သော ဆိုးဆေးများနှင့် ပတ်သက်၍လည်းကောင်း ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်နိုင်ကြောင်း


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ/ location / October 11, 2020


ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီ ကျန်းမာရေးဌာန ဓါတ်ခွဲခန်းတွင် စားသုံးဆီနှင့်ပတ်သက်၍လည်းကောင်း၊ အစားအသောက်တွင် ပါဝင်သော ဆိုးဆေးများနှင့် ပတ်သက်၍လည်းကောင်း၊ ဓါတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ပြီး၊ စားသုံးသူ ကျန်းမာရေးအတွက် လုံခြုံစိတ်ချမှုရှိအောင် ဆောင်ရွက်ပေးလျှက်ရှိပါသည်။ ၁၅-၇-၂၀၁၃ မှစ၍ ဆီစစ်ဆေးမှုအတွက် ဝန်ဆောင်မှု စစ်ဆေးခ ၃၀၀၀၀ိ/- + ထောက်ခံချက်ကဒ်ပြား ၅၀၀ိ/-၊ ဆိုးဆေးအတွက် စစ်ဆေးခ ၁၀၀၀၀ိ/ + ထောက်ခံချက် ကဒ်ပြား ၅၀၀ိ/- နှုန်းဖြင့် စစ်ဆေးပေးလျက်ရှိပါသည်။

ကျန်းမာရေးဌာန
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

​​​​​​​