ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အများသိစေရန်ကြေညာချက်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အများသိစေရန်ကြေညာချက်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ/ location / January 18, 2021
အများသိစေရန်ကြေညာချက်
၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မြေပိုင်ဆိုင်မှု အရပ်ကတိ စာချုပ်များဖြင့် လျှောက်ထားသည့် ဆောက်လုပ်ခွင့်အမှုတွဲများ (Low Without D-Map) နှင့်ပတ်သက်၍ အောက်ပါအတိုင်းသာ စိစစ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-
(က) ဂရန်မြေနှင့် ပါမစ်မြေများဖြစ်ပါက မျက်နှာဖွင့် ၃၀၊-၀။ အောက်အကျယ်ရှိသော မြေကွက်များတွင် အမြင့် ၃၀၊-၀။ ထက်မပိုသော (၃) ထပ်ထိ ဆောက်လုပ်ခွင့်များ
(ခ) မိသားစုတစ်စုသာအသုံးပြုမည့် (ကန်ထရိုက်တိုက်ပုံစံ၊ စီးပွားရေးသုံး အဆောက်အအုံ မဟုတ်သည့်) ဆောက်လုပ်ခွင့်များ
၂။ ဂရန်မြေ၊ ပါမစ်မြေများကို ဝယ်ယူ၍ ဆောက်လုပ်ခွင့်လျှောက်ထားမှုများကို (၁-၂-၂၀၂၁) ရက်နေ့နောက်ပိုင်းတွင် Low Risk With D-Map ဖြင့်သာ ဆောက်လုပ်ခွင့်တင်ပြရန်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။