ရေပုပ်စုပ်ယာဉ်များ ငှားရမ်းနိုင်ကြောင်း


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ/ location / October 11, 2020


  • ရေပုပ်စုပ်ယာဉ်ငှားရမ်းလိုပါက ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ယမုံနာစည်ပင်မော်တော်ယာဉ်ဌာနခွဲ၊ မင်းနန္ဒာလမ်းနှင့် ရှုခင်းသာလမ်းထောင့်၊ ဒေါပုံ သင်္ဘောကျင်းမှတ်တိုင်အနီး လူကိုယ်တိုင် လာရောက်၍ ငှားရမ်းလိုသော ယာဉ်အမျိုးအစားအလိုက် ကျသင့်ငွေ ပေးသွင်းပြီး ငှားရမ်းနိုင်ပါသည်။

  • သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ (လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် များမပါ) တွင် လူကိုယ်တိုင် လာရောက်၍ ငှားရမ်းလိုသော ယာဉ်အမျိုးအစားအလိုက် ကျသင့်ငွေပေးသွင်းပြီး ငှားရမ်းနိုင်ပါသည်။

စက်ရုံနှင့်မော်တော်ယာဉ်ဌာန
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

​​​​​​​