သံအမတ်ကြီး ဦးစိုးလင်းဟန် ဥရောပကောင်စီ ဥက္ကဋ္ဌထံ ခန့်အပ်လွှာပေးအပ်


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / February 14, 2019


ဥရောပသမဂ္ဂဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မစ်ရှင်အဖွဲ့ အကြီးအကဲ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၎င်း၏ ဥရောပသမဂ္ဂ (ဥရောပကော်မရှင်/ ဥရောပကောင်စီ) ဆိုင်ရာ ခန့်အပ်လွှာများကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဘရပ်ဆဲလ်မြို့၌ ဥရောပကောင်စီဥက္ကဋ္ဌ မစ္စတာ ဒေါ့နယ်လ် တာ့ခ်(စ်)ထံ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေ ပြည် တော်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်