နယ်စပ်စစ်ဆေးရေးဂိတ်များမှ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခွင့်ယာယီပိတ်ပင်တားမြစ်ကြောင်း အသိပေးကြေညာချက်


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / March 19, 2020


(၁၉-၃-၂၀၂၀ ရက်၊ နေပြည်တော်)

COVID-19 ရောဂါ ပြည်ပမှ ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မည့်သည့်နိုင်ငံခြားသားကိုမဆို မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ဖွင့်လှစ်ထားသည့် နယ်စပ်စစ်ဆေးရေး ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခွင့်ကို (၁၉-၃-၂၀၂၀) ရက်နေ့မှစတင်၍ ယာယီပိတ်ပင်တားမြစ်လိုက်သည်။ နှစ်ဖက်ဒေသခံ ပြည်သူများ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်(Border Pass)ဖြင့် ဝင်ရောက်ခွင့်ကိုမူ ပိတ်ပင်ခြင်း ရှိမည်မဟုတ်ဘဲ ဝင်ရောက်လာသူများအား ကိုယ်အပူချိန်တိုင်းတာမှုများ၊ ကျန်းမာရေးစိစစ်မှုများကိုသာ တင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာရရှိထားသည့် နိုင်ငံခြားသားများအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှသာ တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဝင်ရောက်ခွင့်၊ ထွက်ခွာခွင့်ပြုမည်ဖြစ်ပါသည်။