ကြက်ခြေနီအသိပညာပြန့်ပွားရေးအလုပ်ရုံဆွေးနွေးပွဲနှင့် ကွင်းဆင်းဆောင်ရွက်သူများအတွက် ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲကျင်းပ
ကြက်ခြေနီအသိပညာပြန့်ပွားရေးအလုပ်ရုံဆွေးနွေးပွဲနှင့် ကွင်းဆင်းဆောင်ရွက်သူများအတွက် ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 09, 2026
ရန်ကုန် ဇွန် ၈
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းပြုလုပ်သည့် ကြက်ခြေနီအသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ကွင်းဆင်းဆောင်ရွက်သူများအတွက် ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့် တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်ဌေးနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ Communication Coordinator Mr. Francisco Javier Pavon Molina တို့က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ကြက်ခြေနီလှုပ်ရှားမှု၏ တန်ဖိုးများ၊ ကြက်ခြေနီအခြေခံမူများ၊ ဆောင်ရွက်ချက်များနှင့် လုပ်ငန်းတာဝန်များ၊ ကြက်ခြေနီလှုပ်ရှားမှုအကြောင်းအရာများကို ရှင်းရှင်းလင်းလင်း သိရှိနားလည်နိုင်စေရန် ရည်ရွယ်ကာ အဆိုပါအလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)
ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 08, 2026
ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)
အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on June 08, 2026
အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 04, 2026
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း

