ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 24, 2026
နေပြည်တော် မေ ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမင်းနောင်၊ ဦးထိန်လင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ရွှေမြို့ မွေးမြူရေးဇုန်
ဦးစွာ နိုင်ငံတော်သမ္မတသည် နေပြည်တော်ကောင်စီနယ်မြေ၊ ရွှေမြို့မွေးမြူရေးဇုန်အတွင်းရှိ Sunlight Venture Co. Ltd ၏ ဆိတ်မွေးမြူရေးခြံသို့ ရောက်ရှိစစ်ဆေးရာ လုပ်ငန်းရှင် ဦးမြတ်မင်းလတ်က လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ အစာကျွေးမွေးမှုစနစ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ စနစ်ကျနသည့် မွေးမြူရေးစနစ်ဖြစ်စေရေး ကနဦးဆောင်ရွက်သွားရန်လိုပြီး ထိုမှတစ်ဆင့် ခေတ်မီမွေးမြူရေးစနစ်သို့ သွားရမည်ဖြစ်ကြောင်း၊ အစာစနစ်၊ ရေစနစ်များကိုလည်း စတင်မွေးမြူစဉ်ကတည်းကပင် စနစ်တကျဖြစ်ရန်လိုပြီး ဇီဝလုံခြုံမှုအတွက်လည်း စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ သတ်မှတ်ထားသည့် ကောင်ရေပြည့်မီရေး၊ အသားထုတ်လုပ်မှု စနစ်တကျဖြစ်စေရေး စီမံဆောင်ရွက်သွားရန်နှင့် အသားထုတ်လုပ်မှုအပြင် ဆိတ်သားရေကိုလည်း ဈေးကွက်သို့ ဖြန့်ဖြူးသွားနိုင်ကြောင်း၊ မိမိတို့အားခွင့်ပြုပေးထားသည့် မြေဧရိယာအတွင်း ဆိတ်အစာ နေဗီယာမြက်များအပြင် ဇီးပင်များကိုလည်း ထည့်သွင်းစိုက်ပျိုး၍ ဇီးသီးခြောက်ဖတ်များကို ကျွေးမွေးနိုင်မည်ဖြစ်ကြောင်း၊ ဆိတ်အစာမြက် စိုက်ပျိုးရာ၌ စဉ်ဆက်မပြတ်သည့် စိုက်ပျိုးထုတ်လုပ်မှုစနစ် ဖြစ်စေရေးအတွက်လည်း စနစ်တကျ တွက်ချက်စိုက်ပျိုးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ရွှေမြို့မွေးမြူရေးဇုန်အတွင်းရှိ နယ်မြေခံတပ်ရင်း၊ ဝက်မွေးမြူရေးခြံသို့ ရောက်ရှိစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်နေမှု၊ အသားတိုးဝက်များ ဖြန့်ဖြူးရောင်းချခဲ့မှု၊ ထွက်ရှိလာသည့် ဝက်များအား ပြင်ပဈေးနှုန်းထက် သက်သာသောနှုန်းထားဖြင့် တိုင်းစစ်ဌာနချုပ်များအသီးသီးသို့ ရိက္ခာစို၊ အသားခြောက်၊ အသင့်စား ဝက်သားဟင်းထုပ်စသည့် နည်းလမ်းများဖြင့် ဖြန့်ဖြူးပေးလျက်ရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ဝက်မျိုးများအား ပြည်ပမှ တင်သွင်းမွေးမြူခြင်းထက် မိမိကိုယ်တိုင်မျိုးထုတ်၍ တိုးချဲ့မွေးမြူသွားရန်လိုကြောင်း၊ စတင်မွေးမြူသည်မှစ၍ အသားထုတ်လုပ်သည်အထိ စနစ်တကျဖြစ်ရန်လိုပြီး သတ်မှတ်ထားသည့် နှုန်းထားအတိုင်း အစာကျွေးမွေးမှုရှိရန်နှင့် သတ်မှတ်ကာလအတွင်း အသားထုတ်လုပ်သွားနိုင်ရန်လိုကြောင်း၊ အောင်မြင်ပြီးဖြစ်သည့် ဝက်မွေးမြူရေးလုပ်ငန်းများ၏ လုပ်ငန်းစနစ်များကိုလည်း လေ့လာ၍ သုတေသနပြုဆောင်ရွက်သွားကြရန်လိုကြောင်း၊ မျိုးထုတ်လုပ်မှုစနစ်၊ မွေးမြူမှုစနစ်၊ အစာကျွေးမွေးမှုစနစ်၊ အသားထုတ်လုပ်မှုစနစ်တို့ကို စနစ်တကျဖြင့် စီမံချက်ရေးဆွဲဆောင်ရွက်သွားရန်လိုပြီး စဉ်ဆက်မပြတ်သည့် မွေးမြူထုတ်လုပ်မှုစနစ်ဖြစ်စေရေး စနစ်တကျစီမံဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုထက်တိုးချဲ့မွေးမြူနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
အမှတ် (၁) ကံကြီးမွေးမြူရေးဇုန်
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တပ်ကုန်းမြို့နယ်၊ အမှတ် (၁) ကံကြီးမွေးမြူရေးဇုန်အတွင်းရှိ ဦးတွမ်ခင်ဝင်း၏ ဖန်ဟွနို့စားနွားမွေးမြူရေးခြံသို့ ရောက်ရှိကြရာ လုပ်ငန်းရှင် ဦးတွမ်ခင်ဝင်းက နို့စားနွားနှင့် နွားသားပေါက်မွေးမြူထားရှိမှု၊ ဒေသထွက်ကုန်ကြမ်းများ အသုံးပြု၍ တိရစ္ဆာန်အစာထုတ်လုပ်ကျွေးမွေးမှု၊ နို့ချက်စက်ရုံနှင့် ဒိန်ချဉ်စက်ရုံ လည်ပတ်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက နို့စားနွားမွေးမြူခြင်းပုံစံနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများမှ မွေးမြူခြင်းပုံစံများကိုလည်း လေ့လာသွားကြရန်လိုပြီး အစာကျွေးမွေးမှုစနစ်၊ အညစ်အကြေးသိမ်းဆည်းမှုစနစ်များကိုလည်း လေ့လာဆောင်ရွက်သွားရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် အညစ်အကြေးများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့် လျှပ်စစ်ဓာတ်အားခ သက်သာစေရေးအတွက် အညစ်အကြေးအား ပြန်လည်သိုလှောင်၍ ဇီဝဓာတ်ငွေ့ဖြင့် လျှပ်စစ်မီးထုတ်လုပ်သုံးစွဲမှုစနစ် (Biogas Generator System) ကိုလည်း ဆောင်ရွက်၍ရနိုင်ကြောင်း၊ အစာထုတ်လုပ်မှုနှင့်ပတ်သက်၍လည်း နေဗီယာမြက်များ၊ ဒေသတွင်းမှ ထွက်ရှိသည့် ပြောင်းများကို ရောစပ်အစာပြုလုပ်ခြင်း၊ ချဉ်ဖတ်လုပ်၍ ကျွေးမွေးခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
၎င်းနောက် နိုင်ငံတော်သမ္မတသည် ဦးမြတ်စံ၏ ကြက်မွေးမြူရေးခြံသို့ ရောက်ရှိကြပြီး အသားတိုးကြက်နှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေ အနေများကိုကြည့်ရှုစစ်ဆေးရာ လုပ်ငန်းရှင် ဦးမြတ်စံက လိုက်လံရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက လုပ်ငန်းဆောင်ရွက်မှုများအား အဆင့်ဆင့် အဆင့်မြှင့်တင်သွားရန်လိုပြီး အလိုအလျောက်အစာကျွေး၊ ရေတိုက်၊ ဥသိမ်းဆည်းခြင်းစနစ်တို့ကို ဆောင်ရွက်သွားနိုင်ကြောင်း၊ ဥစားကြက်မွေးမြူခြင်းသည် စားရေရိက္ခာပေါများစေခြင်းနှင့် ဈေးနှုန်းသက်သာစွာဖြင့် အာဟာရပြည့်မီစွာစားသုံးနိုင်စေခြင်းတို့ကို အထောက်အကူဖြစ်စေကြောင်း၊ ကြက်ဥတစ်လုံးစားသုံးခြင်း၏ အစာအာဟာရရရှိမှုသည် ကြက်သား ၅ ကျပ်သားစားသုံးခြင်း၏ အာဟာရနှင့်ညီမျှသည်ဖြစ်ပြီး ကုန်ကျစရိတ်အနေဖြင့်လည်း သုံးပုံတစ်ပုံခန့်သက်သာစေကြောင်း၊ ထို့ကြောင့် လုပ်ငန်းဆောင်ရွက်မှုများကို အောင်မြင်အောင်ဆောင်ရွက်သွားရန်နှင့် တိုးချဲ့ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း၊ ကြက်ခြံများ အပူရှိန်သက်သာစေရေးအတွက် အမိုးနေရာတွင် အုတ်ကြွပ်များကိုလည်း ပြောင်းလဲအသုံးပြုနိုင်ကြောင်းနှင့် အခြား လိုအပ်သည်များကို အကြံပြုတိုက်တွန်းပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ဦးတင်မြိုင်၏ အသားတိုးဝက်ခြံသို့ ရောက်ရှိပြီး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက လိုက်လံရှင်းလင်းတင်ပြပြီး နိုင်ငံတော်သမ္မတက သိရှိလိုသည်များနှင့် လိုအပ်သည်များ ပြန်လည်အကြံပြုမှာကြားသည်။
ထို့နောက်ရှင်းလင်းဆောင်ခန်းမတွင်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ကံကြီးမွေးမြူရေးဇုန်၊ ရွှေမြို့မွေးမြူရေးဇုန်၊ ပြောင်ခေါင်းကြီးမွေးမြူရေးဇုန်တို့အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ဇုန်အလိုက်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ သတ်မှတ်ကောင်ရေ ပြည့်မီအောင်မွေးမြူနိုင်ရေး၊ ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိမှု၊ မေထုန်မဲ့နည်းဖြင့် မျိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မွေးမြူရေးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်စေခြင်းသည် အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့အား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ စားရေရိက္ခာဖူလုံပေါများစေရန် ရည်ရွယ်ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရန် မြေနေရာရယူထားကြသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သိပ္ပံနည်းကျခေတ်မီမွေးမြူရေးစနစ်သို့ မလျှောက်လှမ်းနိုင်မီ စနစ်ကျနသည့် မွေးမြူရေးစနစ်ကို ဦးစွာကျင့်သုံးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုမွေးမြူရေးလုပ်ငန်းများသည် တိရစ္ဆာန်များအား ခြံများအတွင်း လှောင်၍ မွေးမြူကြသည်ဖြစ်သဖြင့် သန့်ရှင်းသပ်ရပ်သည့် အစာကျွေးမွေးမှုစနစ်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တို့ကို ဦးစွာ အကောင်အထည်ဖော်ဆောင်ကြရန်လိုကြောင်း။
မွေးမြူရေးစနစ်များတွင် လွှတ်ခြင်း၊ လှန်ခြင်း၊ လှောင်ခြင်းဟူ၍ရှိကြောင်း၊ စားကျက်များအတွင်း လွှတ်၍မွေးမြူခြင်းဖြင့် စားရိတ်သက်သာကြောင်း၊ ကြိုးဖြင့်ချည်၍ လှန်ကျောင်းသည့်စနစ်ဖြင့် မွေးမြူခြင်းသည်လည်း အထိုက်အလျောက်အားဖြင့် စရိတ်သက်သာမှုရှိကြောင်း၊ လှောင်၍မွေးမြူခြင်းမှာ စရိတ်ကုန်ကျမှုရှိသော်လည်း စနစ်တကျမွေးမြူမည်ဆိုပါက အောင်မြင်သည့် မွေးမြူရေးလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုကံကြီးမွေးမြူရေးဇုန်၊ ရွှေမြို့မွေးမြူရေးဇုန်၊ ပြောင်ခေါင်းကြီးမွေးမြူရေးဇုန် မြေနေရာများသည် တိရိစ္ဆာန်အစာများ ပေါများစွာ ရရှိနိုင်သည်ဖြစ်သဖြင့် မွေးမြူရေးဇုန်များ သတ်မှတ်မွေးမြူစေခြင်းဖြစ်ပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် အစာရရှိနိုင်မှု၊ ဈေးကွက်ရရှိနိုင်မှုတို့ကို ထည့်သွင်းတွက်ချက်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးရေးကုန်ကြမ်းများဖြင့် တိရစ္ဆာန်အစာများကို ထုတ်လုပ်ကျွေးမွေးခြင်းနှင့် စားသုံးမှုဖူလုံအောင် မွေးမြူထုတ်လုပ်ပေးနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျော့ကျစေနိုင် မည်ဖြစ်ကြောင်း။
နို့စားနွားမွေးမြူခြင်းနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် နို့နှင့် နို့ထွက်ပစ္စည်းများကို နှစ်စဉ်ပြည်ပမှ ပမာဏများစွာတင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာကုန်ကျ သုံးစွဲနေကြရကြောင်း၊ မိမိတို့နိုင်ငံအတွင်း လုံလောက်မှုရှိအောင် ထုတ်လုပ်နိုင်မည်ဆိုပါက တင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ဒိန်ချဉ်ကိုသာ ထုတ်လုပ်နေကြသည်ကို တွေ့မြင်ရပြီး အများစုသုံးစွဲကြသည့် နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်တို့ကို အလုံအလောက်ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အာဟာရပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာ စားသုံးနိုင်ရေးအတွက် နို့နှင့် ကြက်ဥတို့ကို အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေနှင့် နိုင်ငံတော်အတွက် အထောက်အကူဖြစ်စေသည့် လုပ်ငန်းရပ်များဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားကြ စေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သည်ဖြစ်စေ၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်သည်ဖြစ်စေ မျိုး၊ မြေ၊ ရေ၊ နည်း တည်းဟူသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးခြင်း၊ မွေးမြူခြင်း၊ မြေကို စနစ်တကျပြုပြင် စိုက်ပျိုးသကဲ့သို့ စနစ်ကျသည့် မွေးမြူရေးစနစ်ဖြစ်အောင်ဆောင်ရွက်ခြင်း၊ ရေအပြည့်အဝရရှိအောင် ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်၊ မွေးနည်းစနစ်များ ကောင်းမွန်စေခြင်းတို့ဖြင့် လုပ်ငန်းများ အောင်မြင်စေမည်ဖြစ်ကြောင်း၊ မွေးမြူရေးဇုန်များအတွင်း ကုန်ထုတ်လမ်းများ ကောင်းမွန်မှုရှိစေရေး စီစဉ်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ မွေးမြူရေးဇုန်များအလိုက် လုပ်ငန်းရပ်များအလိုက် ခြံစည်းရိုး စနစ်တကျကာရံခြင်း၊ ခြုံနွယ်များ ရှင်းလင်းခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းများကိုလည်း စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစာများ
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on January 31, 2025
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on July 19, 2024
Myanmar e-Governance Master Plan 2030 (မူကြမ်း) အပေါ် အများပြည်သူ သဘောထားမှတ်ချက် တောင်းခံခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on October 02, 2023

