စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့/ Monywa / September 18, 2021
logo


မုံရွာ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ(၁၈)ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းသို့ ရောက်ရှိရာ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးပြီး ကာကွယ်ဆေးထိုးနှံပေးနေမှုလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ကာကွယ်ဆေးများလာရောက်ထိုးနှံကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။ 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး ဒေါက်တာချောနန္ဒီက  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးမှုအား လိုက်လံ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးမှုအား  ကြည့်ရှုစစ်ဆေးကာ ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနုတ်ဆက်အားပေးခဲ့သည်။

အဆိုပါ စစ်ကိုင်းမြို့၊ ကုတင်- ၂၀၀ ဆံ့ ပြည်သူ့ရုံအတွင်း တည်ဆောက်လျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှပေးအပ်သည့် အောက်ဆီဂျင်စက်ရုံသည် တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး - ၉၀ ခန့်ထွက်ရှိမည်ဖြစ်ပြီး စစ်ကိုင်းမြို့အတွက် လိုအပ်သည့် အောက်ဆီ ဂျင်အား လုံလောက်စွာရရှိမည် ဖြစ်ကြောင်းသတင်းရရှိသည်။

သတင်းစာများ

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 15, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023