တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးအား PDF အမည်ခံ အကြမ်းဖက် သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီး
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးအား PDF အမည်ခံ အကြမ်းဖက် သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / February 09, 2023
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးအား ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လောင်းလုံးမြို့ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးသို့ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၂ နာရီခွဲ တွင် PDF အမည်ခံအကြမ်းဖက်သမား ၁၀ ဦးခန့်က ဝင်ရောက်လာပြီး ရုံးအဆောက်အဦအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မီးသတ်ယာဉ် တစ်စီးဖြင့်သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ ထိုသို့အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် သွပ်မိုး၊ အုတ်ကာဆောက်လုပ်ထားသည့် ရုံးတစ်ထပ် အဆောက်အဦ တစ်လုံး၊ ရုံးအတွင်း ထားရှိသည့် ကွန်ပျူတာ နှစ်လုံး၊ ပရင်တာ သုံးလုံး၊ သစ်ဖြတ်စက် (Chain Saw) တစ်လုံးနှင့် ရုံးသုံးစာရွက်စာတမ်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိုသို့ မြို့နယ်သစ်တောဦးစီးဌာနရုံးအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစာများ
၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်၊ သြဂုတ် ၃၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ August 31, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၃၀ ရက် ၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ August 30, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၂၉ ရက် ၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ August 28, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Downloadဗီဒီယိုများ
ကြေငြာချက်များ
ပြည်သူများထံ အသိပေးပန်ကြားချက်
ပြည်ထဲရေးဝန်ကြီးဌာန / Posted on August 31, 2024
ပြည်တွင်းတွင် သာမန်မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားလာမှုနှင့် ပတ်သက်၍ ၁-၉-၂၀၂၄ ရက်မှစ၍ စာအုပ်ဖိုးငွေ ၃၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၃၄/၂၀၂၄)
ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on August 30, 2024
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၃၄/၂၀၂၄)
မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on August 30, 2024