ငါန်းဇွန်မြို့နယ်၌ “De Huse Company “ မှ ကုမ္ပဏီဝန်ထမ်းများကို လုပ်အားခလစာထုတ်ပေးရန် YOMA Bank မှ ငွေကျပ်သိန်း ၁၇၆၀ ထည့်ထားသည့် ATM စက်နှစ်လုံးနှင့် မော်တော်ယာဉ် တစ်စီးတို့ PDF အမည်ခံ အကြမ်းဖက်သမားများက ဓားပြတိုက်လုယက်ယူဆောင်


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / December 02, 2022


မန္တလေးတိုင်းဒေသကြီး၊ မြို့သာစက်မှုဇုန်ရှိ “De Huse Company”မှ ကုမ္ပဏီဝန်ထမ်းများအား လုပ်အားခလစာထုတ်ပေးရန် YOMA Bank မှ ငွေကျပ်သိန်း ၁၇၆၀ ထည့်ထားသည့် ATM စက် နှစ်လုံးနှင့် မော်တော်ယာဉ်တစ်စီးတို့အား ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာအနီး၌ နိုဝင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက ဓားပြတိုက် လုယက်ယူဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့နံနက်ပိုင်းတွင် အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ YOMA BANK မှ ဘဏ်ဝန်ထမ်း ဦးကောင်းဆက်သူနှင့် ဦးထက်ပိုင်စိုးတို့ နှစ်ဦးသည် မြို့သာစက်မှုဇုန်ရှိ “De Huse Company”မှ ကုမ္ပဏီဝန်ထမ်းများအား လုပ်အားခလစာများ ထုတ်ပေးနိုင်ရန်အတွက် ATM စက်တစ်လုံးလျှင် ငွေကျပ်သိန်း ၈၈၀ စီထည့်ထားသည့် ATM စက် နှစ်လုံးအား ဘဏ်မှယာဉ်မောင်းဖြစ်သူ ဦးသန်းဖြိုးအောင် မောင်းနှင်သည့် MDY 5R/9902 Diner Box မော်တော်ယာဉ်ပေါ်တင်ဆောင်ကာ မြို့သာ-တံတားဦးကားလမ်းအတိုင်း ထွက်ခွာလာခဲ့ရာ နံနက် ၈ နာရီခွဲတွင် ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမား ၆ ဦး (စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် လမ်းအားပိတ်ရပ်ကာ မော်တော်ယာဉ်အား တားဆီးပြီး ဦးကောင်းဆက်သူတို့ သုံးဦးအား သေနတ်များဖြင့် ခြိမ်းခြောက်၍ ယာဉ်ပေါ်မှ ဆင်းခိုင်းကာ အဆိုပါ မော်တော်ယာဉ်နှင့် ငွေကျပ်သိန်း ၁၇၆၀ ပါ ATM စက်နှစ်လုံးတို့အား ဓားပြတိုက်လုယက်ယူဆောင် သွားခဲ့ပါသည်။

ထိုသို့ဓားပြတိုက်လုယက်ယူဆောင်သွားသော PDF အမည်ခံအကြမ်းဖက်သမားများကို ဖမ်းဆီး ရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

သတင်းစာများ - ၂၇၃၂ ခု

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 15, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ ဧပြီ ၁၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ ဧပြီ ၁၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 11, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ ဧပြီ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ ဧပြီ ၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 09, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ ဧပြီ ၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 08, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက်၊ ဧပြီ ၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 07, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download