စစ်တွေ၊ မင်းပြား၊ မြောက်ဦးတပ်နယ်တို့ရှိ နယ်မြေခံတပ်များအား ကြည့်ရှုစစ်ဆေး၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများအားပေးအပ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 30, 2023
image_latest


နေပြည်တော် မေ ၃၀

ရခိုင်ပြည်နယ်၊ စစ်တွေ၊ မင်းပြား၊ မြောက်ဦးတပ်နယ်တို့ရှိ နယ်မြေခံတပ်များသို့ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည် သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ သောက်သုံးရေလုံလောက်စွာရရှိရေးနှင့် စိုက်ပျိုး/ မွေးမြူရေးဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် မင်းပြားမြို့နှင့် မြောက်ဦးမြို့တို့ရှိ နယ်မြေခံတပ်ရင်းများမှ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားပြီး မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ်(MMCA)နှင့် အလှူရှင်များမှ စုပေါင်းလှူဒါန်းမှုဖြင့် ချက်ပြုတ်ပေးပို့ လှူဒါန်းသည့် ဒံပေါက်ထမင်းဘူးများ၊ စားသောက်ဖွယ်ရာပစ္စည်းများနှင့်   လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းသား/ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ကျောင်းသုံးလွယ်အိတ်နှင့်ကျောင်းသုံး ပစ္စည်းများထောက်ပံ့ပေးအပ်သည်။ ၎င်းနောက် မင်းပြားနှင့် မြောက်ဦးမြို့နယ်အတွင်း သောက်သုံးရေလုံလောက်စွာ ရရှိနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေးအတွက်  ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ချက်များအား လိုက်လံရှင်းလင်းပြသကြသည်။

အလားတူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက စစ်တွေမြို့၊ နယ်မြေခံတပ်ရှိ သတ်မှတ်နေရာ၌ စတုဒီသာ ထမင်း/ဟင်းချက်ပြုတ်နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေစေရန်အတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော မီးသတ်တပ်ဖွဲ့ဝင်များအား ဒံပေါက်ထမင်းဘူးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစာများ - ၂၇၃၅ ခု

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 15, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ ဧပြီ ၁၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ ဧပြီ ၁၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 11, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ ဧပြီ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download