စိုက်ပျိုးရေးနှင့်မွေးမြူရေးတွဲဖက်အထက်တန်းကျောင်း စာသင်ဆောင်သစ်ဖွင့်လှစ်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / March 31, 2023


ဘားအံ မတ် ၃၁

            ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဒုံရင်းအထက်တန်းကျောင်းတွင် တွဲဖက်ဖွင့်လှစ်မည့် စိုက်ပျိုးရေးနှင့်မွေးမြူ ရေးအထက်တန်းကျောင်း၏ စာသင်ဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲကို မတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီခန့် က အဆိုပါကျောင်းစာသင်ဆောင်သစ်ရှေ့၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကျောင်းဆောင်သစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

            ထို့နောက် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲကို အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒုံရင်းကျေးရွာအုပ်စု၊ လှိုင်ကမ္ဘာကျေးရွာအုပ်စုနှင့် ကော့မူးတာကျေးရွာအုပ်စုရှိ ကျောင်းသား၊ ကျောင်းသူများအတွက်  စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာပညာရပ်များ သင်ယူမှုအခွင့်အလမ်း ထပ်မံတိုးမြှင့်ပေးနိုင်မည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ ယခုကဲ့သို့ အထက-ဒုံရင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်း ကျောင်းကို တွဲဖက်ဖွင့်လှစ်နိုင်ခြင်းကြောင့် ဒေသရှိ Grade-9 အောင်ကျောင်းသား၊ကျောင်းသူများ ပညာဆက်လက် သင်ယူနိုင်မည့်လမ်းသွယ်(၄)ရပ်တွင် မိမိစိတ်ကြိုက် တက်လှမ်းလိုသည့်လမ်းကို ရွေးချယ်သင်ယူနိုင်မည်ဖြစ်ကြောင်း၊ မိဘများအနေဖြင့်လည်း မိမိတို့သားသမီးများအတွက် ဝါသနာပါရာရွေးချယ်ခွင့်ပေးပြီး တက်ရောက်သင်ကြားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

            ယင်းနောက် ပြည်ထောင်စုရန်ပုံငွေ ၄၅၁ ဒဿမ ၇၉၃ သန်းဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်း ကျောင်း (၉၆ပေ x ၁၁၈ပေ)တစ်ထပ် RCC စာသင်ဆောင်အား တာဝန်ယူတည်ဆောက်ခဲ့သည့် လင်းသူအောင်ကုမ္ပဏီ မှတာဝန်ရှိသူတစ်ဦးက ပညာရေးဌာန ပြည်နယ်ပညာရေးမှူးဒေါ်နန့်စယ်လီလှိုင်ထံ ကျောင်းဆောင်သစ်အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

            ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အရန်သားဖွားနှင့်လူထုကျန်းမာရေးလုပ်သား သင်တန်းဖွင့်ပွဲကို နံနက် ၉ နာရီခန့်က ဘားအံမြို့နယ်၊ တရုတ်လှတိုက်နယ်ဆေးရုံ၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိ သေးသည့် ပြည်သူလူထုအား ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနိုင်မည့် လူထုကျန်းမာ ရေးလုပ်သားများပေါ်ထွက်လာစေရန်နှင့် မိခင်နှင့်ကလေးမျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုများကို ကျေးလက် ဒေသများအထိ လက်လှမ်းမီရရှိကြစေရေး အရန်သားဖွားဆရာမများ မွေးထုတ်ပေးရန် ရည်ရွယ်၍ ယခုသင်တန်းကိုဖွင့် လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းမှပို့ချမည့်သင်ခန်းစာများကို လေးလေးနက်နက် သင်ယူပြီး ကျေးလက်ဒေသရှိ တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများကို ပြုစုစောင့်ရှောက်ပြီး ရပ်ရွာအကျိုး ပြည်နယ်အကျိုး၊ နိုင်ငံအကျိုးသယ်ပိုးဆောင်ရွက်နိုင်သည့် အရန်သားဖွားကောင်းများ၊ လူထုကျန်းမာရေးလုပ်သား ကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အရန်သားဖွား(၆)လသင်တန်း သင်တန်းသူ(၂၀)ဦးအတွက် ထောက်ပံ့ငွေ ကျပ် တစ်ရာလေးဆယ်ခုနှစ်သိန်း၊ လူထုကျန်းမာရေးလုပ်သား သင်တန်းသား/သင်တန်းသူ ၁၈ ဦးအတွက် ထောက်ပံ့ ငွေကျပ် နှစ်ဆယ့်လေးသိန်းငါးသောင်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြသည်။

            ယင်းနောက် ပြည်နယ်တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်း အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃)ကို နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂) ၌ ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းအဖွဲ့အနေဖြင့် အမြဲတမ်းတွေ့ဆုံဆွေးနွေးသုံးသပ်၍ တောင်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို မြှင့်တင်ပေးဖို့လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ပန်းတိုင် အထွက်နှုန်းပြည့်မီ၍ အရည်အသွေးကောင်းမွန်ပြီး ဈေးကွက်ရရှိရန်၊ မျိုးကောင်းမျိုးသန့်ရရှိရန်၊ စိုက်ပျိုးမွေးမြူ နည်းစနစ်မှန်ကန်ရန်ဆောင်ရွက်ပေးဖို့လိုကြောင်း၊ တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ခြင်းသည် နိုင်ငံ၏ အကျိုးစီးပွားမြှင့်တင်ခြင်းနှင့်ထပ်တူညီပြီး ဒေသနှင့်ကိုက်ညီသည့်ဖွံ့ဖြိုးမှုကို ဦးစားပေးအလေးထားဆောင်ရွက်ကြဖို့ လိုကြောင်း၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအားလုံးကို အချိတ်အဆက်မိမိဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မှသာ တောင်သူများ၏အကျိုးစီးပွားပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်း အဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေး၊ အကျိုးစီးပွားမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို Power Point အသုံးပြုရှင်းလင်း တင်ပြကြပြီး အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်လာသော ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာခရိုင်၊မြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

            အလားတူ ကရင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှု ကော်မတီ၏ (/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၃၀ ရက်နေ့ မွန်းလွဲ နာရီခန့်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ() ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပြည်နယ်အတွင်းချေးငွေအမျိုးမျိုးကိုထုတ်ချေးပေး၍ ရေးဆွဲထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိုင်းရင်းသားပြည်သူများ၏ ဝင်ငွေများတိုးပွားလာစေရန် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး အဓိကဦးစားပေး ထုတ်ချေးပေးလျက်ရှိပြီး ကျန်ငွေများအား သတ်မှတ်ချက်များနှင့်အညီ အမြန်ဆုံးထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေရယူရန် လျှောက်ထားလာသည့်လုပ်ငန်းများအပေါ် မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိမှုအခြေအနေ များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုရှင်းလင်းတင်ပြကာ အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တတ်ရောက်လာသော ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည် ရန်ပုံငွေများ ထုတ်ချေးဆောင်ရွက်ထားရှိမှုအပေါ် တောင်သူများစိုက်ပျိုးမွေးမြူထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

သတင်းစာများ - ၂၇၁၄ ခု

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၂၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 29, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၂၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၂၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၂၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ မတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၂၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32page

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ မတ် ၂၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32page

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ မတ် ၂၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်၊ မတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download