နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး မုံရွာမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး တိုးချဲ့(၅)ထပ်ဆောင်သစ် ဖွင့်ပွဲအခမ်းအနားနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေး ထုတ်ကုန်တိုးမြှင့်ရေးပြပွဲနှင့် မျိုးစေ့၊ သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတို့သို့ တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 28, 2022
image_latest


နေပြည်တော် စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး တိုးချဲ့(၅)ထပ်ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေတို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက တိုးချဲ့(၅)ထပ်ဆောင်သစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အဆိုပါဆေးရုံရှေ့တွင် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆေးရုံဖွင့်ပွဲ အထိမ်းအမှတ် ကမ္မည်းမော်ကွန်းကို အမွှေးအနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ယနေ့ဖွင့်လှစ်သည့် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး တိုးချဲ့ (၅)ထပ်ဆောင်သစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦအထူးအဖွဲ့(၁၀)က တာဝန်ယူ တည်ဆောက်ခဲ့ပြီး ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ်တွင် ၁ဝဝ ရာခိုင်နှုန်းလုပ်ငန်း ပြီးစီးခဲ့ကာ စုစုပေါင်းလုပ်ငန်း တန်ဖိုးမှာ ငွေကျပ် ၉၁၈၀ ဒသမ ၄၃၉ သန်း ဖြစ်သည်။  မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး တိုးချဲ့(၅)ထပ်ဆောင်သစ် ဖွင့်လှစ်လိုက်ခြင်းဖြင့် မုံရွာဒေသခံ ပြည်သူများနှင့်  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နေထိုင်ကြသည့် ပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပေးနိုင်ရုံသာမက မုံရွာမြို့ရှိ သူနာပြု/ သားဖွား သင်တန်းကျောင်းမှ သင်တန်းသူများ၊ ပြည်သူ့ဆေးရုံကြီး မုံရွာမြို့တွင် ဖွင့်လှစ်ထားရှိသည့် ဆေးဘက်ကျွမ်းကျင် ဓာတ်မှန်/ဆေးစပ် သင်တန်းသားများ အတွက်လည်း သင်ကြားရေး လုပ်ငန်းများတွင် အထောက်အကူ ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုတိုးချဲ့(၅)ထပ်ဆောင်သည် အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ ရောဂါဗေဒဌာန၊ ဓာတ်မှန်ဌာန၊ ခွဲစိတ်ခန်း(၅)ခန်း၊ အထူးကြပ်မတ်ကုသဌာန၊ အစာအိမ် အူလမ်းကြောင်း မှန်ပြောင်းကြည့်ဌာန၊ အရိုးအကြောအဆစ် ပြန်လည်သန်စွမ်းရေးဌာန၊ ဖျားနာဆောင်၊ ကင်ဆာဆေးပညာဌာနတို့နှင့် ဓာတ်လှေကာ (၂)စီးပါဝင်သည့် ခေတ်မှီ အဆောက်အဦးတစ်ခု ဖြစ်သည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူတို့သည်  ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြား၍ မုံရွာမြို့ရှိ ဆေးရုံဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက် ဖွယ်ရာများထောက်ပံ့ ပေးအပ်သည်။ ယင်းနောက် ဆေးရုံအုပ်ကြီးမှ ကျေးဇူတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များတိုးမြှင့်ရေးပြပွဲနှင့် မျိုးစေ့၊ သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက် ကြည့်ရှုအားပေးသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေး အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နေကြာမျိုးစေ့များ၊ ပိုးသတ်ဆေးဗူးများ၊ Gypsum ကျောက်မှုန့်မြေသြဇာများနှင့် ရွက်ဖြန်းမြေသြဇာများ ထောက်ပံ့ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ သွားရောက်ကာ ဆေးကုသမှုခံယူနေသော တပ်မတော်သားများ၊ တပ်မတော် သားမိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက်ဆေးရုံတက်ရောက် ကုသနေသောလူနာများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

 

သတင်းစာများ - ၂၇၃၂ ခု

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 15, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ ဧပြီ ၁၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ ဧပြီ ၁၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 11, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ ဧပြီ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ ဧပြီ ၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 09, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ ဧပြီ ၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 08, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက်၊ ဧပြီ ၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 07, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download