ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ) ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / August 14, 2022
image_latest


နေပြည်တော် ဩဂုတ် ၁၄

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သံယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်နှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ရောက်ရှိရာ အစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံတို့ကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက Phase-1 လည်ပတ်နိုင်ရေးနှင့် ဝယ်ယူပြီးစက်ပစ္စည်းများ အမိုးအကာအောက်ရောက်ရှိရေးအတွက် ခွင့်ပြုဘဏ္ဍာငွေ အသုံးစရိတ်များကို အကျိုးရှိထိရောက်စွာသုံးစွဲကြရန်၊ ပြန်လည်ဖြည့်ဆည်းပေးရမည့် ကျွမ်းကျင်မှုအဆင့်အလိုက် ဝန်ထမ်းလိုအပ်ချက်များကိုလည်း အချိန်မီရရှိရေး ကြိုပမ်း ဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းများအား စီးပွားရေးဆိုင်ရာစီမံချက်များ ရေးဆွဲဆောင်ရွက်ရန်နှင့် စီမံချက်ပါအတိုင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ ထုတ်ကုန်များနှင့်ပတ်သက်၍ ဈေးကွက်သုတေသနလုပ်ငန်းများကို အမြဲမပြတ်လေ့လာ ဆောင်ရွက်ထားရန်၊ မိမိထုတ်ကုန်ပစ္စည်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ကြရန်၊ ပြည်ပမှတင်သွင်းလျက်ရှိသည့် သံ၊ သံမဏိများနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ရေး ကြိုတင်စီမံတွက်ချက်ထားရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော ကုန်ကြမ်းများကိုလည်း ကြိုတင်စုဆောင်းထားရန်၊ နိုင်ငံတော်၏လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရေးနှင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် တာဝန်ရှိသူအင်ဂျင်နီယာများအနေဖြင့် အင်ဂျင်နီယာစီးပွားရေးနှင့် စက်မှုလုပ်ငန်းစီးပွားရေး ဥပဒေသများအပေါ် အခြေခံသော စီးပွားရေးတွက်ခြေကိုက်စွာ ထုတ်လုပ်မှုအစီအမံများ ချမှတ်ဆောင်ရွက်ကြရန်နှင့် အသိပညာရှင်၊ အတတ်ပညာရှင်များပီသစွာဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူလူထုအကျိုးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သော ဝန်ထမ်းများအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ တာဝန်ထမ်းဆောင်ကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝယ်ယူပြီးစက်ပစ္စည်းများ အမိုးအကာအောက် သိုလှောင်ထားရှိနိုင်ရေးအတွက် တည်ဆောက်လျက်ရှိသည့် Cold Mill Complex နှင့် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၂၄၄၇ ခု

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 23, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ စက်တင်ဘာ ၂၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 22, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက်၊ စက်တင်ဘာ ၂၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 21, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 20, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 19, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 18, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 18, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 16, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 15, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ ဝါခေါင်လကွယ်နေ့၊ စက်တင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 14, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download