ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် (၂၆)ကြိမ်မြောက် ပန်းချီ၊ ပန်းပု ကျောင်းသား ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် ကျောင်းသား ကျောင်းသူများ၏ ဘွဲ့ယူစင်တင် တင်ဆက်ပွဲအခမ်းအနား တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 26, 2023
image_latest


ရန်ကုန် စက်တင်ဘာ ၂၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် အမျိုးသားပြတိုက်(ရန်ကုန်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက အမျိုးသားပြတိုက် (ရန်ကုန်)သို့ လေ့လာကြည့်ရှုသူများ ယခုထက် ပိုမိုတိုးတက်များပြားလာစေရေး နည်းလမ်းများရှာဖွေ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းမှာကြားပြီး မြေညီထပ်ရှိ မြန်မာအက္ခရာနှင့် လက်ရေးမူပြခန်း၊ သီဟာသနပလ္လင်ပြခန်း၊ ရတနာပုံ ခေတ်ပြခန်း၊ မင်းခမ်းတော်ပစ္စည်းများပြခန်း၊ မြန်မာ့ မြို့ပြယဉ်ကျေးမှုပြခန်း၊ သဘာဝသမိုင်းနှင့် မြန်မာ့သမိုင်းမတင်မီခေတ်ပြခန်း၊ မြန်မာ့လက်မှုအနုပညာ ပြခန်း၊ မြန်မာပန်းချီခန်းမဆောင်၊ မြန်မာ့ရှေးဟောင်း အဆင်တန်ဆာရတနာပြခန်း၊ တိုင်းရင်းသား ယဉ်ကျေးမှုပြခန်း၊ အာဆီယံပြခန်း၊ ဗုဒ္ဓအနုပညာ ပြခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။

တက်ရောက်

ထို့နောက် ပြည်‌ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်(၂၆)ကြိမ်မြောက် ပန်းချီ၊ ပန်းပု၊ ကျောင်းသား‌ ကျောင်းသူများ၏ ဘွဲ့ယူ လက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် ကျောင်းသား ကျောင်းသူများ၏ ဘွဲ့ယူစင်တင် တင်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားအစီအစဉ် ပထမပိုင်းကို မွန်းတည့် ၁၂ နာရီတွင် ကျင်းပရာ ဧည့်သည်တော်များက ပန်းချီ၊ ပန်းပုကျောင်းသား ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်များကို လှည့်လည်ကြည့်ရှုကြပြီး ရုပ်ရှင်နှင့် ပြဇာတ်‌ကျောင်းသား ကျောင်းသူများ ရိုက်ကူးတင်ဆက်သည့် “သံစဉ်များနှင့်အချစ်”၊ “တုနှိုင်းမဲ့ မေတ္တာ”နှင့် “အနုပညာပန်းများပွင့်လန်းရာ” ဇာတ်ကားများကို ကြည့်ရှုအားပေးကြသည်။

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို မွန်းလွဲ ၂ နာရီတွင် ဆက်လက်ကျင်းပပြီး ပြည်ထောင်စု ဝန်ကြီးက အမှာစကားပြောကြားရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၌ အနုပညာယဉ်ကျေးမှု ဘက်စုံတတ်မြောက်သည့် ‌ကျောင်းသား ကျောင်းသူများစွာကို နှစ် ၃၀ ကာလအတွင်း မြောက်မြားစွာ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ တက္ကသိုလ်ကြီးတွင် ၂၀၁၈-၂၀၁၉ ပညာ သင်နှစ်အထိ ဘွဲ့နှင်းသဘင် ၂၃ ကြိမ်ကျင်းပနိုင်ခဲ့ပြီး ဝိဇ္ဇာဘွဲ့ ၂၅၂၁ ဦး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ ၃၈၄ ဦး၊ မဟာ ဝိဇ္ဇာဘွဲ့ ၅၂ ဦး၊ ဘွဲ့လွန်ဒီပလိုမာ ၃၂၇ ဦး၊ အနုပညာ ကွန်ပျူတာဒီပလိုမာဘွဲ့ ၂၇၁၄ ဦး၊ ဂုဏ်ထူးဆောင် ဝိဇ္ဇာဘွဲ့ ၅၉ ဦး၊ ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့ ၁၅ ဦး၊ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ၁၁ ဦး စုစုပေါင်း ၆၀၈၃ ဦး ကို ချီးမြှင့်အပ်နှင်းပေးနိုင်ခဲ့ကြောင်း၊ ကျောင်းဆင်း ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းပြီး ဘွဲ့ရသည့်အခါ မိမိတို့တတ်ကျွမ်းသည့်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုကြရမည် ဖြစ်ကြောင်း၊ နှစ် ၃၀ ခရီးကို ခြုံငုံကြည့်လျှင် တက္ကသိုလ်၏ ရည်မှန်းချက်များ အောင်မြင်ခဲ့သည်ဟု ဆိုရမည် ဖြစ်ကြောင်း၊ ရှေ့ဆက်၍ တိုင်းကျိုးပြည်ဆောင် နိုင်ငံထူထောင်ရေးနှင့်အေးချမ်းသာယာ ပြည်မြန်မာဟု ကမ္ဘာ့အလယ်၌ ထည်ဝါစေရေးအတွက် တက္ကသိုလ်၏ ရတုအဆက်ဆက်တိုင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်နိုင်ကြပါစေဟု ဆန္ဒပြုကြောင်းပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ယင်းနောက် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ်ကျောင်းသား ကျောင်းသူများက စွမ်းရည်ပြ‌ ဖျော်ဖြေတင်ဆက်ကြရာ ဂီတပညာဌာနမှ ကျောင်းသား ကျောင်းသူများက မောင်မယ်စုံစွာ ဆိုင်းမဟာ၊ ဆင့်ကမ်းမျှဝေမဟာဂီတအမွေ၊ မြူးကြွသာယာ တေးသံသာ၊ ပုလဲရတုမှသည် အနာဂတ်ဆီ၊ သဘင် ပညာဌာနမှ ကျောင်းသား ကျောင်းသူများက အလှ ကျက်သရေဆောင် မငွေတောင် (နတ်ချင်းယိမ်း)၊ လှပဝေဆာ အကပဒေသာ၊ မိဘကျေးဇူးအကျိုးထူး (ရုပ်သေး)၊ ကံကံ၏အကျိုး(ဆို၊ ငို၊ ပြော ဇာတ်တော် ကြီး)၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာနမှ ကျောင်းသားကျောင်းသူများက “ငွေ” ပြဇာတ်တို့ဖြင့် ဖျော်ဖြေ တင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီးနှင့်ဧည့် ပရိသတ်များက ကြည့်ရှုအားပေးကြသည်။

တင်ဆက်ပြသဖျော်ဖြေ

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၂၆) ကြိမ်မြောက် ပန်းချီ၊ ပန်းပု ကျောင်းသား‌ ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် ကျောင်းသား ကျောင်းသူများ၏ ဘွဲ့ယူစင်တင်တင်ဆက်ပွဲတွင် ပန်းချီအထူးပြု ကျောင်းသား ကျောင်းသူများ၏ ပန်းချီကား ၂၂ ချပ်၊ ပန်းပုအထူးပြု ကျောင်းသား ကျောင်းသူများ၏ ပန်းပုရုပ် ရှစ်ရုပ်၊ ဂီတအထူးပြု ကျောင်းသား ကျောင်းသူများ၏ တေးဂီတအစီအစဉ် လေးခု၊ သဘင်အထူးပြု ကျောင်းသား ကျောင်းသူများ၏ အက၊ ရုပ်သေး၊ ဇာတ်တော်ကြီး အစီအစဉ် လေးခု၊ ရုပ်ရှင်နှင့် ပြဇာတ် အထူးပြု ကျောင်းသား ကျောင်းသူများ၏ ပြဇာတ်နှင့်ရုပ်ရှင်ဇာတ်ကား သုံးကားတို့ကို တင်ဆက်ပြသ ဖျော်ဖြေကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည် တော်များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၂၅၈၄ ခု

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ ဒီဇင်ဘာ ၁၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 12, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 11, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 10, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၉ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 09, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

Information Sheet (6-12-2023) / Burmese (Myanmar Version)


ထုတ်ဝေသူ: Information Sheet/ December 08, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 31

ဘာသာစကား: Burmese (Myanmar Version

Download

Information Sheet (6-12-2023) / English Version


ထုတ်ဝေသူ: Information Sheet/ December 08, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 31

ဘာသာစကား: English Version

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၈ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 08, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၇ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 07, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

Information Sheet (4-12-2023) / Burmese (Myanmar Version)


ထုတ်ဝေသူ: Information Sheet/ December 06, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 38

ဘာသာစကား: Burmese (Myanmar Version)

Download

Information Sheet (4-12-2023) / English Version


ထုတ်ဝေသူ: Information Sheet/ December 06, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 38

ဘာသာစကား: English Version

Download