ဇေယျာသီရိမြို့နယ်၌ မိုးရွာသွန်းပြီး ပေါင်းလောင်းမြစ်ရေမြင့်တက်လာ၍ ကျည်တောင်ကျေးရွာနှင့် သာယာဝှမ်းကျေးရွာချင်းဆက် မြစ်ကူးသစ်သားတံတား ပေ ၁၅၀ ခန့် ကျိုးပဲ့ပျက်စီး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 11, 2024
image_latest


ဇေယျာသီရိ စက်တင်ဘာ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ မိုးရွာသွန်းပြီး ပေါင်းလောင်းမြစ်ရေမြင့်တက်လာ၍ ကျည်တောင်ကျေးရွာနှင့် သာယာဝှမ်းကျေးရွာချင်းဆက် မြစ်ကူးသစ်သားတံတား ပေ ၁၅၀ ခန့် ကျိုးပဲ့ပျက်စီးခဲ့ကြောင်း ကျည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။

အဆိုပါတံတားသည် ကျည်တောင်ကျေးရွာနှင့် သာယာဝှမ်းကျေးရွာချင်းဆက် ပေါင်းလောင်းမြစ်ကူးသစ်သားတံတားဖြစ်ပြီး "ခုထိတော့ ခန့်မှန်းပေ ၁၅၀ ခန့် ရေစီးသန်ပြီး မြစ်ထဲတော့မျောပါသွားပြီ၊ ပထမတစ်ခါမျောသွားတာက ပေ ၁၀၀ ခန့်၊ ခုထပ်ပြီး ၅၀ ခန့် ထပ်ပါသွားပါတယ်၊ ပေါင်းလောင်းဆည်ရေပိုလွှဲကလည်း ခါတိုင်းထက်ရေပိုပြီးကျဆင်းနေတော့ ဆက်ပြီးရေတက်လာဖို့ရှိပါတယ်၊ ရေစီးကတံတားအထက် ၂ ပေခွဲ ၃ ပေ‌ လောက်ကိုကျော်တက်လာတာ၊ ရေစီးအရမ်းသန်ပါတယ်၊ ကျည်တောင်ကျေးရွာမှာတော့ လူဦးရေ ၃၀၀၀ ကျော်၊ သာယာဝှမ်းကျေးရွာမှာတော့ လူဦးရေ ၁၅၀၀ ကျော်နေထိုင်ပြီး ဒီတံတားကို အဓိကထားအသုံးပြုနေတာပါ၊ ခုလက်ရှိမှာတော့ တံတားပေါ်အများပြည်သူတွေ အသက်အန္တရာယ်မရှိအောင် တံတားအား ပိတ်ဆို့တားမြစ်ထားပါတယ်ဟု" ကျည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းက ပြောသည်။

အဆိုပါတံတား ကျိုးပျက်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်းနှင့် မြစ်အတွင်း အများပြည်သူများ ရေနစ်သေဆုံးမှုမရှိစေရေးအတွက် ဇေယျာသီရိမြို့နယ် မီသတ်ဦးစီးမှူး ဦးမင်းသူဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ထားရှိကြောင်း သိရသည်။

ထွန်းလင်း (ဇေယျာမြေ)

သတင်းစာများ - ၂၉၄၂ ခု

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက် ၊ အောက်တိုဘာ ၅ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 05, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ အောက်တိုဘာ ၄ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 04, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ အောက်တိုဘာ ၃ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 03, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ အောက်တိုဘာ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ အောက်တိုဘာ ၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 01, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၃၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 30, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 29, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၂၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download