နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / August 06, 2024
image_latest


နေပြည်တော် ဩဂုတ် ၆

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ထိုသို့ ပေးအပ်လျက်ရှိရာ ဩဂုတ်လ ၅ ရက်နေ့နှင့် ယနေ့တို့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ ဝန်ထမ်းမိသားစုများနှင့် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ပြုလုပ်ရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်းတစ်ရာ့ငါးဆယ်နှင့် ငွေကျပ်သိန်းသုံးရာတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်းတစ်ရာ့နှစ်ဆယ်နှင့် ငွေကျပ်သိန်းငါးဆယ်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်လေးဆယ့်ငါးသိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ငွေကျပ် သိန်းနှစ်ရာ့ငါးဆယ်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်းနှစ်ရာ့ငါးဆယ်နှင့် ငွေကျပ်တစ်ရာနှစ်ဆယ့်ကိုးသိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်ရှစ်ဆယ့်လေးသိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်းတစ်ရာ့တစ်ဆယ်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်းခြောက်ဆယ်နှင့် ငွေကျပ်သိန်းလေးဆယ်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈၅)ကျောင်းဆင်းအရာရှိ မိသားစုများက ငွေကျပ်ရှစ်ဆယ့်ငါးသိန်းကိုလည်းကောင်း လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက တိုင်းမှူးထံ အသီးသီးဂုဏ်ပြုပေးအပ်သည်။ ယင်းနောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။

အလားတူ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်တစ်ရာသုံးဆယ့်နှစ်သိန်းနှင့် ငွေကျပ်နှစ်ရာလေးဆယ့်ခြောက်သိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဧည့်ခန်းမ၌လည်းကောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်းနှစ်ရာတစ်ဆယ့်နှစ်သိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ရာမညခန်းမ၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်းတစ်ရာနှစ်ဆယ့်ကိုးသိန်းကျော်နှင့် ငွေကျပ်သိန်းနှစ်ရာလေးဆယ့်တစ်သိန်းကျော်တန်းဖိုးရှိ စားသောက်ဖွယ်ရာများကို ထားဝယ်မြို့ရှိ ရွှေဝယ်သဇင်ခန်းမ၌လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ စားသောက်ဖွယ်ရာများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် ဧည့်ရိပ်သာခန်းမ၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်းသုံးရာတစ်ဆယ့်တစ်သိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာရွှေဝါခန်းမ၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်းသုံးရာတစ်ဆယ့် နှစ်သိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဧည့်ခန်းမဆောင်၌လည်းကောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများနှင့် ကော်မရှင်ဥက္ကဋ္ဌတို့က အသီးသီးပေးအပ်ရာ တိုင်းမှူးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါစားသောက်ဖွယ်ရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစာများ - ၂၉၁၈ ခု

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 11, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 10, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက်၊ စက်တင်ဘာ ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 09, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 08, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်၊ စက်တင်ဘာ ၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 07, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက်၊ စက်တင်ဘာ ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 06, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက်၊ စက်တင်ဘာ ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 05, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက်၊ စက်တင်ဘာ ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 05, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက်၊ စက်တင်ဘာ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 04, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက်၊ စက်တင်ဘာ ၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 03, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download