နွေရာသီကာလတိုသင်တန်းများဆင်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးတက်ရောက်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / May 27, 2026


ဘားအံ - မေ (၂၇)

ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း ကော်မတီမှကြီးမှူး၍ နွေရာသီကျောင်းအားလပ်ရက်များတွင်ဖွင့်လှစ်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ သက်မွေးပညာကာလတိုသင်တန်းများဆင်းပွဲကို မေလ ၂၇ ရက်နေ့ နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (ဘားအံ)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)တို့တွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)တွင် သက်မွေးပညာကာလတိုသင်တန်းဖြစ်သော အခြေခံအိမ်တွင်းလျှပ်စစ် ဝါယာသွယ်တန်းခြင်းသင်တန်းကို သင်တန်းသား၊သင်တန်းသူ ၃၃ ဦးဖြင့်လည်းကောင်း၊ အစိုးရနည်းပညာအထက်တန်း ကျောင်း(ဘားအံ)တွင် အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ အခြေခံအိမ်တွင်းလျှပ်စစ်ဝါယာသွယ် တန်းခြင်းနှင့် ဆိုလာတပ်ဆင်ခြင်းသင်တန်းတို့ကို သင်တန်းသား၊သင်တန်းသူစုစုပေါင်း (၇၅ )ဦးတို့ဖြင့် သင်တန်းဆင်းခဲ့ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သက်မွေးပညာကာလတိုသင်တန်းများသည် အချိန်တိုအတွင်းသိသင့်သိထိုက် သော သင်ကြားမှုများ၊ လက်တွေ့လေ့ကျင့်မှုများကို ထိထိရောက်ရောက် သင်ကြားပေးရသည့်သင်တန်းများဖြစ်သည့် အတွက် သင်တန်းမှသင်ကြားပေးသော အသိပညာ၊ အတတ်ပညာများဖြင့်ရပ်တန့်မနေပဲ ကျွမ်းကျင်ပညာရှင်များ ထုတ်ဝေ သော စာအုပ်များ၊ Online လေ့ကျင့်ခန်းများ စသည်ဖြင့် လက်လှမ်းမီရာစာတွေ့၊လက်တွေ့များကိုစဉ်ဆက်မပြတ်ဆည်းပူး သွားကြစေလိုကာ သင်ယူရရှိခဲ့သည့် အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများကိုဆက်လက်အသုံးချ၍ မိမိတို့ဒေသ အကျိုး၊ ရပ်ရွာအကျိုးအတွက် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းများမှ အခြေခံစက်ချုပ်သင်တန်းတွင်အထူးဆုရရှိသူတစ်ဦးအား ပြည်နယ်ဝန်ကြီးချုပ်က အပ်ချူပ်စက်တစ်လုံးနှင့်အတူ သင်တန်းထူးချွန်ပထမ၊ ဒုတိယ၊ တတိယဆုနှင့်နှစ်သိမ့်ဆု ရရှိကြသူများအား ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများကိုလည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ သင်တန်းနည်းပြများ ကို အမှတ်တရလက်ဆောင်များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူ များက သင်တန်းဆင်း သင်တန်းသား၊သင်တန်းသူ များကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြား ကာ သင်တန်းဆင်းများကိုယ်တိုင် ဆောင်ရွက်ထားသော သင်တန်းဆင်းလက်ရာများကို လိုက်လံကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။

သတင်းစာများ - ၃၅၃၈ ခု

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download