ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် မန္တလေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များနှင့် အခြေခံပညာကျောင်းများရှိ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် မန္တလေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များနှင့် အခြေခံပညာကျောင်းများရှိ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 24, 2026
မန္တလေး မေ ၂၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဝက်ဝံ)၊ အခြေခံပညာ မူလတန်းကျောင်း (ကုန်းဘောကျေးရွာ)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ရေငယ်)၊ အခြေခံပညာအထက် တန်းကျောင်း (မိုးကြိုးစံပြ)၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း(ပြင်ဦးလွင်)၊ အမှတ် (၃) အခြေခံပညာ အလယ်တန်းကျောင်း (ပြင်ဦးလွင်)နှင့် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) (အောင်ချမ်းသာ) တို့တွင် ကျောင်းဆောင်သစ်များ တိုးချဲ့တည်ဆောက်ရန် လျာထားမြေနေရာများ၊ ကျောင်းအပ်နှံရေးသီတင်းပတ်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ယမန်နေ့ကလည်း မိတ္ထီလာတက္ကသိုလ်အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်ပြီးစီးမှု၊ ခြောက်ထပ်စာသင်ဆောင်သစ် တည်ဆောက်ပြီးစီးမှုနှင့် လေးခန်းတွဲ လေးထပ်အမှုထမ်း အိမ်ရာတည်ဆောက်ရန် လျာထားမြေနေရာကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မိတ္ထီလာပညာရေး ဒီဂရီကောလိပ်ကန်တင်းနှင့် အားကစားရုံတည်ဆောက်ရန် လျာထားမြေနေရာ၊ မိတ္ထီလာမြို့အမှတ် (၃) အခြေခံပညာအထက် တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ချည်စက်)နှင့် အခြေခံပညာအထက်တန်းကျောင်း (တောမ)တို့တွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် ကျောင်းဆောင်များနေရာတွင် နှစ်ထပ်ကျောင်းဆောင်သစ်များ ပြန်လည်တည်ဆောက်ရန် ဆောင်ရွက်နေမှု၊ ကျောက်ဆည်တက္ကသိုလ်၊ မန္တလာတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်တို့တွင် ဘွဲ့နှင်းသဘင်ခန်းမ၊ ဝန်ထမ်းအိမ်ရာနှင့် ဘက်စုံ သုံးခန်းမ တည်ဆောက်ရန် လျာထားမြေနေရာများနှင့် အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မန္တလေးပညာ ရေးဒီဂရီကောလိပ်ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည့် လျာထားမြေနေရာ၊ ပြင်ဦးလွင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အနီး စခန်း)နှင့် အခြေခံပညာအထက် တန်းကျောင်း(ခွဲ) (ပွေးတောင် (နန္ဒဝန်))တို့တွင် ကျောင်းဆောင်သစ် တိုးချဲ့ဆောက်လုပ်ရန် လျာထားမြေနေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၅၃၅ ခု
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
