မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် ပွဲတော်များစုံလင်စွာဖြင့် စီစဉ်ကျင်းပမည်
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် ပွဲတော်များစုံလင်စွာဖြင့် စီစဉ်ကျင်းပမည်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 02, 2025
နေပြည်တော် နိုဝင်ဘာ ၁
နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်ထားရှိသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကို မီးထွန်းပွဲတော်၊ မီးပုံးပျံလွှတ်တင် ပူဇော်ပွဲတော်၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတော်များနှင့်အတူ တေးဂီတနှင့် ဇာတ်သဘင်ဖျော်ဖြေပွဲ၊ ဈေးရောင်းပွဲတော်တို့ဖြင့် နိုဝင်ဘာ၂ ရက်မှ ၄ ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပမည်ဖြစ်သည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်တွင် ဝတ်ရွတ်အသင်းများ ရွတ်ဖတ်ပူဇော်ပွဲ၊ ဆီမီး ၉၀၀၀ ထွန်းညှိကပ်လှူပူဇော်ပွဲနှင့် LED မီးများဖြင့် အလှဆင်ပူဇော်မှုများအပြင် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ၊ ညမီးကျည်နှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ပြိုင်ပွဲများဖြင့် စီစဉ်ကျင်းပမည်ဖြစ်ပြီး မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပြိုင်ပွဲများ အတွက် ဆုချီးမြှင့်ပွဲကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်သည်။
ထို့အပြင် ညပိုင်းဈေးရောင်းပွဲတော်ကို MSME ထုတ်ကုန်ဈေးဆိုင် ခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာများ၊ ဒေသထွက်ကုန်များနှင့် ဈေးဆိုင်ခန်းမျိုးစုံ စုစုပေါင်း ၃၀၀ ကျော်တို့ဖြင့် ဖွင့်လှစ်ရောင်းချ ကြမည်ဖြစ်ပြီး ရဟတ်၊ ပင်လယ်ဓားပြလှေ၊ ပျော့အိ၊ ကလေးစီးကားနှင့် ရထားဝိုင်း၊ ကလေးစီးလှုပ်စိနှင့် ဒုံးစသည့်ကစားနည်းများအပြင် နိုင်ငံကျော်တေးသံရှင်များဖြစ်ကြသည့် ကိုင်ဇာ၊ ဝေလ၊ နေမင်းအိမ်၊ လွှမ်းပိုင်၊ ရွှေထူး၊ ဂျီလတ်၊ ဝေကြီး၊ ဟဲလေး၊ ဖြိုးကြီး၊ ဖော်ဝေး၊ ဂျိုးလေး၊ နီနီခင်ဇော်၊ ဝိုင်းစုခိုင်သိန်း၊ ချယ်ရီသင်း၊ စန္ဒီမြင့်လွင်၊ ရတနာမိုင်၊ အိုင်းရင်းဇင်မာမြင့်၊ ဆုထက်လှိုင်၊ မိစန္ဒီ၊ သားစိုး၊ သံသာမိုးသိမ့်နှင့် နန်းဆုရတီစိုး စသည့်နာမည်ကြီးအဆိုတော်များက Hi Bird Music Band နှင့် Runner Music Band တို့၏ တီးခတ်မှုနှင့်အတူ ညစဉ် သီဆိုဖျော်ဖြေကြမည်ဖြစ်သကဲ့သို့ နိုင်ငံကျော်ဇာတ်မင်းသား ဖိုးချစ် ဇာတ်သဘင်၏ ညစဉ်ကပြတင်ဆက်မှုတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၃၃၆ ခု
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 01, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
