လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများပါဝင်သော လူ့အဖွဲ့အစည်းများ မြှင့်တင်ပေး
လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများပါဝင်သော လူ့အဖွဲ့အစည်းများ မြှင့်တင်ပေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 02, 2025
ယနေ့ကမ္ဘာပေါ်ရှိ လူများအနက်မှ လူဦးရေ တစ်ဘီလီယံကျော် တစ်နည်းအားဖြင့် ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းမှာ မသန်စွမ်းမှုတစ်မျိုးမျိုးကို ခံစားနေကြရပြီး မသန်စွမ်းသူများအနက် ၈၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သူများဖြစ်သည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။ မသန်စွမ်းသူဆိုသည်မှာ ပတ်ဝန်းကျင်အတား အဆီးများကြောင့် လူ့အဖွဲ့အစည်းအတွင်း အများနည်းတူ အပြည့်အဝထိရောက်စွာ ပါဝင်ဆောင်ရွက်မှုမပြုနိုင်သော ကိုယ်ခန္ဓာပိုင်း၊ စိတ်ပိုင်း၊ ဉာဏ်ရည်ပိုင်း သို့မဟုတ် အာရုံခံစားမှုပိုင်းဆိုင်ရာ ရေရှည် ချို့ယွင်းချက်ရှိသူများဖြစ်သည်ဟု ကုလသမဂ္ဂက ဖွင့်ဆိုထားသည်။
ကမ္ဘာတစ်ဝန်းရှိ ဤမျှများပြားလှသော မသန်စွမ်းသူများအတွက် အခွင့်အရေးများနှင့် ကောင်းကျိုးချမ်းသာတို့ကို မြှင့်တင်ပေးရန်၊ မသန်စွမ်းသူများ၏ အခြေအနေနှင့် စပ်လျဉ်း၍ ပိုမိုသိရှိ လာကြစေရန်ရည်ရွယ်၍ နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့၏ဆောင်ပုဒ်မှာ “လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများပါဝင်သော လူ့အဖွဲ့အစည်းများမြှင့်တင်ပေး - Fostering disability inclusive societies for advancing social progress” ဖြစ်သည်။ ယခုနှစ်၏ ဦးတည်ချက်မှာ မသန်စွမ်းမှု၏ပြဿနာများအပေါ် နားလည်မှုမြှင့်တင်ရန်နှင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ အခွင့် အရေးများနှင့် ကောင်းကျိုးချမ်းသာတို့အတွက် ဆော်ဩစည်းရုံးရန်ဖြစ်ပြီး အစိုးရများ၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက ကဏ္ဍအသီးသီးတို့က အသိပညာပေးဟောပြောပွဲများ၊ လုပ်ငန်းခွင်လှုပ်ရှားမှုများ၊ သင်ကြားလေ့ကျင့်မှုများ၊ ထောက်ခံအားပေးမှုများစသည့် ပုံစံအမျိုးမျိုးဖြင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားကို ကျင်းပသွားကြမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မသန်စွမ်းဖြစ်ပွားမှုနှုန်းမှာ အသက် ၅ နှစ်အထက် လူဦးရေတွင် ၂ ဒသမ ၂၉ သန်း(၇ ဒသမ ၆ ရာခိုင်နှုန်း) သည် မသန်စွမ်းမှုအနည်းဆုံးတစ်မျိုးမျိုးရှိနေသည်ဟုဖော်ပြထားသည်။ မသန်စွမ်းမှုကို အဓိကအမျိုးအစား ခြောက်မျိုး(အမြင်၊ အကြား၊ ပစ္စည်းကိုင်တွယ်/ လမ်းလျှောက်/ လှေကားတက်၊ မှတ်ဉာဏ်/သင်ယူလေ့လာခြင်း၊ မိမိကိုယ်ကို စောင့်ရှောက်နိုင်မှုနှင့် အခြားသူများနှင့် ဆက်သွယ်မှု) တို့ကို သတ်မှတ်ကောက်ယူခဲ့ခြင်းဖြစ်သည်။ မသန်စွမ်းလူဦးရေအများဆုံးဒေသများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ခြောက်သိန်းနီးပါး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၄ ဒသမ ၅ သိန်းကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် ၂ ဒသမ ၆ သိန်းခန့်ရှိနေသည်။ ပြည်ထောင်စုတစ်ဝန်းလုံးတွင် အများဆုံးဖြစ်ပွားသည့် မသန်စွမ်းမှုအမျိုးအစားအနေဖြင့် အမြင်အာရုံ ၄ ဒသမ ၁ ရာခိုင်နှုန်း၊ ပစ္စည်းကိုင်တွယ်/ လမ်းလျှောက်/ လှေကားတက်ခြင်း ၃ ဒသမ ၁ ရာခိုင်နှုန်း၊ မှတ်ဉာဏ်/ သင်ယူလေ့လာခြင်း ၂ ဒသမ ၈ ရာခိုင်နှုန်း၊ အကြားအာရုံ ၂ ဒသမ ၇ ရာခိုင်နှုန်းတို့ဖြစ်ပြီး ချင်းပြည်နယ်သည် မသန်စွမ်းမှုအမျိုးအစားအားလုံးတွင် အမြင့်ဆုံး၊ ရခိုင်ပြည်နယ်သည် ဒုတိယအမြင့်ဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။
အသက်အရွယ်ကြီးလာသည်နှင့်အမျှ မသန်စွမ်းဖြစ်ပွားမှုရာခိုင်နှုန်း ပိုမိုမြင့်တက်လာရာ အသက် ၅ - ၂၉ နှစ်အတွင်း ငယ်ရွယ်သည့်အုပ်စုများတွင် မသန်စွမ်းဖြစ်ပွားမှုနှုန်းသည် ၅ ရာခိုင်နှုန်း အောက်၌ရှိပြီး အသက် ၅၅ - ၅၉ နှစ် အုပ်စုတွင် ၁၁ ရာခိုင်နှုန်းအထိ သိသိသာသာမြင့်တက်လာသည်။ အသက် ၈၀ နှစ်နှင့်အထက် အသက်အုပ်စုများတွင် ၄၀ ရာခိုင်နှုန်းကျော်ရှိနေသည်။ အမျိုးသားများနှင့် အမျိုးသမီးများအကြား မသန်စွမ်းမှုဖြစ်ပွားနှုန်းသည် ငယ်ရွယ်စဉ်တွင် အနည်းငယ်သာကွာခြားမှုရှိသော်လည်း အသက် ၆၀ နှစ်နောက်ပိုင်းတွင် အမျိုးသားများထက် မသန်စွမ်းဖြစ်ပွားမှုနှုန်း ပိုမိုမြင့်တက်လာသည်။ မသန်စွမ်းသူအများစုသည် “အနည်းငယ် ခက်ခဲ” သည့် အုပ်စုတွင်ပါဝင်ပြီး လူဦးရေ၏ ၀ ဒသမ ၅ ရာခိုင်နှုန်း အောက်ကသာ “အများကြီး ခက်ခဲ” သို့မဟုတ် “လုံးဝမကောင်းပါ” ဟု ဖြေဆိုကြကြောင်း၊ မသန်စွမ်းမှုအမျိုးအစားတိုင်းတွင် အမျိုးသမီးများသည် အမျိုးသားများထက် မသန်စွမ်းမှုပိုမိုဖြစ်ပွားကြောင်း ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းပြည်ထောင်စုအစီရင်ခံစာတွင် ဖော်ပြထားသည်။
သို့ဖြစ်ရာ မိမိတို့နိုင်ငံတွင်ရှိနေသော မသန်စွမ်းမှုတစ်မျိုးမျိုးဖြစ်နေသူ ၂၃ သိန်းခန့်တို့ ရင်ဆိုင်ခံစားနေရသည့် အခက်အခဲများ၊ ပြဿနာများကို ပိုမိုသိရှိနားလည်ရန်နှင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍများက ကြိုးပမ်းကြရမည်ဖြစ်ပြီး ၎င်းတို့၏ ဂုဏ်သိက္ခာ၊ အခွင့်အရေးများနှင့် ကောင်းကျိုးချမ်းသာများအတွက်လည်း ဝိုင်းဝန်းဆောင်ရွက် ပေးကြရပါမည့်အကြောင်း။ ။
သတင်းစာများ - ၃၃၆၇ ခု
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 01, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
