ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် စိုက်ပျိုးရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းကြည့်ရှုစစ်ဆေး


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / December 09, 2025


ပုသိမ် ဒီဇင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် (၆.၁၂.၂၀၂၅)ရက်နေ့ နေ့လည်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် မြောင်းမြခရိုင်အတွင်းစိုက်ပျိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးရွာ၊ တောင်သူဦးခင်မောင်ရီ၏ စိုက်ဧက(၃)ဧကတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဆောင်းသီးနှံ(နေကြာ) စိုက်နည်းစနစ် ကွင်းသရုပ်ပြပွဲတွင် ဆင်းရွှေကြာ-၂ နေကြာမျိုး စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီးနောက် တောင်သူများနှင့် တွေ့ဆုံခဲ့ရာ နေကြာစိုက်တောင်သူနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက နေကြာစိုက်ပျိုးဖြစ်ထွန်းမှု၊ ပင်ကြား၊ တန်းကြားမှန်ကန်စွာစိုက်ပျိုးမှု၊ တစ်ဧကအထွက်နှုန်းနှင့် ဆီရရှိမှု၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ် အခြေခံစိုက်ပျိုးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ပဲမျိုးစုံဧက (၁၆) သိန်းကျော်စိုက်ပျိုးလျက်ရှိပြီး ဆီထွက်သီးနှံမြေပဲ၊ နှမ်း၊ နေကြာအပြင် ပဲပုပ်ကိုလည်း နှစ်အလိုက်ရည်မှန်းချက်ထား တိုးတက်စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဲပုပ်-ပဲကြီး ရောနှော စိုက်ပျိုးခြင်းဖြင့်လည်း ဆီဖူလုံမှုကို အထောက်အကူပြုလျက်ရှိပြီး ပဲပုပ်ဖတ်ကို တိရိစ္ဆာန်အစာအဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်း လေးသွယ်ကို အခြေခံဆောင်ရွက်ကြရမည့်အပြင် ထယ်ရေးနက်နက် ထွန်ရေးညက်ညက်ဖြင့် စိုက်ပျိုးကြရမည် ဖြစ်ပါကြောင်းနှင့် ဆီထွက်သီးနှံများပိုမိုတိုးတက်စိုက်ပျိုးနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ‌အိမ်မဲမြို့နယ်၊ ပြည်သူ့ဆေးရုံသို့သွားရောက်၍ မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သည့် အရိုးအထူးကုဆရာဝန်၊ အကြောအဆစ်အထူးကုဆရာဝန်၊ ကလေးအထူးကုဆရာဝန်၊ အရေပြားအထူးကုဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်၊ မျက်စိအထူးကုဆရာဝန်၊ ဓာတ်မှန်အထူးကုဆရာဝန်များက ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး ဆေးရုံလာေရာက်ကုသမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှုအခြေအနေများ အထူးကုဆရာဝန်ကြီးများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအခြေအနေများကြည့်ရှုအားပေးခဲ့ပြီး အထူးကု ဆရာဝန်ကြီးများအား ချီးမြှင့်ငွေများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကိုလည်းကောင်းပေးအပ်ခဲ့သည်။

အဆိုပါကွင်းဆင်းရေးကုသမှု အစီအစဉ်တွင် သားဖွားမီးယပ်လူနာ(၃၇)ဦး၊ က လေးရောဂါ လူနာ(၃၁)ဦး၊ အရိုးနှင့်ထိခိုက်ဒဏ်ရာလူနာ ( ၂၁၈)ဦး၊ခွဲစိတ်လူနာ(၁၇)ဦး ၊ အ ထွေထွေရောဂါလူနာ ( ၂၀၆ )ဦး၊ မျက်စိလူနာ (၁၃၀)ဦး၊အရေပြားဆိုင်ရာလူနာ(၆၂)ဦး၊ နား/နှားခေါင်း၊ လည် ​ချောင်းလူနာ (၅၇)ဦး၊ သွားနှင့်ခံတွင်းဆိုင်ရာလူနာ(၅၂)ဦး နှင့် ကိုယ်အင်္ဂါ ပြန်လည်သန်းစွမ်းရေးလူနာ(၃၇)ဦး စုစုပေါင်း လူနာ(၈၄၇)ဦးအား ကြည့်ရှုကုသ ပေးခဲ့ပြီး လူနာ(၉)ဦးအား ပြည်သူ့ရေးရုံကြီး မြောင်းမြမြို့၌ လိုအပ်ရသာ ကုသမှုများ ဆက်လက် ဆောင်ရွက်နိုင်ရန် ညွှန်းပို့ စီစဉ်ခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ရောဂါ ရှာဖွေစစ်ဆေးခြင်းအနေဖြင့် ဓာတ်မှန်ရိုက်ကူးသူ (၁၇)ဦး အာထရာဆောင်း ရိုက်သူ(၃၆)ဦး၊ ေသွးဖာက်စစ်ရေးသူ(၁၁၂)ဦး၊ ECGစမ်းသပ်သူ (၃၈)ဦး တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ‌ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာကျောင်းလမ်း(၀/၅.၅) မိုင် ကတ္တရာလမ်းခင်းရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှလုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒသကြီး‌ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပုသိမ်မြို့ ကမ်းနားလမ်း၊ မြေနုဆိပ်ခံတားနှင့် ဥမ္မာဒန္တီဆိပ်ခံတံတားအကြားကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား(Jetty) တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ကြံ့ခိုင်မှုရှိစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

သတင်းစာများ - ၃၃၇၄ ခု

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 02, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download