၂ဝ၂၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုများ ထုတ်ပြန်ကြေညာ
၂ဝ၂၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုများ ထုတ်ပြန်ကြေညာ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 02, 2025
နေပြည်တော် နိုဝင်ဘာ ၁
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူးကျင်းပသည့် ၂ဝ၂၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိသောစာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန်စာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့ကယနေ့ ထုတ်ပြန်ကြေညာသည်။
ဝတ္ထုရှည်ဆုတွင် ပထမဆုကို ကိုရွှေသံ(မြန်မာစာ)၏ အပ္ပမာဒေန သမ္ပာဒေထ၊ ဒုတိယဆုကို မင်းဗေဒါ(ပွင့်ဖြူ)၏ ကင်မရာတစ်ဆိုင်း ကလောင်တစ်ချောင်းဖြင့် မိုင်ပေါင်းရာထောင်ချီ စာမူများကလည်းကောင်း၊ ဝတ္ထုတိုပေါင်းချုပ်ဆုတွင် ပထမဆုကို နိုင်မျိုးသစ္စာ(နမ္မတူ)၏ ရှေ့နေမဟုတ်သော ရှေ့နေဝတ္ထုတိုများ၊ ဒုတိယဆုကို ကျော်တေဇ(ဥက္ကလာ)၏ အတ္တမုန်တိုင်းကြားကနှလုံးသားပျိုးပင်နှင့်အခြား ဝတ္ထုတိုများ၊ တတိယဆုကို နန္ဒာခင်(သက္ကလမြေ)၏ ပိုးနှင့်အခြား သုတ၊ ရသဝတ္ထုတိုများ စာမူများကလည်းကောင်း၊ ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို ဌေးသစ်လွင်(ပရိမ္မ)၏ ထနောင်းမြထီးဘဝခရီး ကဗျာများ၊ ဒုတိယဆုကို ယိမ်းနွဲ့၏ သန္တရသခွန်အားပေးကဗျာများ၊ တတိယဆုကို အောင်နိုင်သူ (ဇွဲကပင်)၏ ရွှေပြည်မြန်မာအလှ ပဒေသာနှင့်လောကအလှကဗျာများ စာမူများကလည်းကောင်း၊ သုတပဒေသာ (ဝိဇ္ဇာ)ဆုတွင် ပထမဆုကို အရှင်ရေဝတ (ရွှေကွမ်းသား)၏ တွံတေးမြေမှာ ပွင့်လန်းတစ်ပွင့်ပန်းအာဇာနည်သို့မဟုတ် အောင်ဆန်းသူရိယဗိုလ်မှူးအေးချို၊ ဒုတိယဆုကိုဆွေဇင်ညွန့်၏ မှတ်သားလေ့လာ သမိုင်းသုတအဖြာဖြာ (ဆောင်းပါးပေါင်းချုပ်)၊ တတိယဆုကို မောင်သာ(ရှေးဟောင်းသုတေသန)၏ ကုန်းဘောင်နှင့် ကိုလိုနီခေတ်လက်ရာ ထင်ရှားသော သစ်သားအဆောက်အအုံများ စာမူများကလည်းကောင်း၊ သုတပဒေသာ (ရိုးရိုး သိပ္ပံနှင့်အသုံးချသိပ္ပံ)ဆုတွင် ဒုတိယဆု(ရိုးရိုး)ကို ဒေါက်တာမြင့်သန်း၏ အာရုံနှင့် စိတ်တို့ ဖြစ်ပျက်ရာဦးနှောက်၊ ဒုတိယဆု (အသုံးချ)ကိုတိုးနိုင်ဌေး၏ ဘာကြောင့် ရေအားလျှပ်စစ်ကို ရွေးချယ်သင့်သလဲနှင့် တတိယဆု (အသုံးချ)ကို ရတနာစိုး (အမျိုးသားစာပေဆုရှင်)၏ ကျန်းမာဖွံ့ဖြိုး၊ ဝင်ငွေတိုး၊ ပင်မှည့်စိုက်ပျိုးစာမူများကလည်းကောင်း၊ စာပဒေသာဆုတွင် ပထမဆုကို တက္ကသိုလ်မြမဉ္ဇူ၏ အပြစ်မမြင် လမ်းသစ်ထွင်ကာ ညီညာဖြဖြ-တူလျှောက်ကြစို့၊ ဒုတိယဆုကို သုတေသီမောင်ဟန်၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် အမေရိကန်ရောက် မြန်မာ ပညာတော်သင်တစ်ဦး၏ မှတ်တမ်း၊ တတိယဆုကို ဒေါက်တာကောင်းစံ၏ အတွေ့အကြုံအဖုံဖုံ၊ စစ်မြေပြင် ဆေးမှူးဘဝမှတ်တမ်းစုံ စာမူများ ကလည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆုတွင် တတိယဆုကို စောပုလဲမယ်၏ ရွှေတိဂုံစေတီတော် ဆီမီးခုံပတ်လည် မြန်မာမှု စဉ့််အနုပညာလက်ရာများ စာမူကလည်းကောင်း၊ ကလေးစာပေဆုတွင် ပထမဆုကိုစစ်တွေညိုသန့်၏ သားသမီးအလိမ္မာ ကလေးကဗျာများ၊ ဒုတိယဆုကို ခိုင်ချစ်အောင်၏ ဝီရိယရှိသူ ထိပ်ဆုံးလူကလေးကဗျာများ၊ တတိယဆုကိုခင်ဇော်(သီတာကုန်းပြင်)၏ အရသာရှိသော အောင်မြင်မှုနှင့်အခြားစာစုများ စာမူများကလည်းကောင်း၊ လူငယ်စာပေဆုတွင် ပထမဆုကိုကိုကေအီး (နိဗ္ဗာန်)၏ တွန်းအား၊ ဒုတိယဆုကို ထွဋ်ဦးဇေယျာ၏ စာရူးပေရူးမလေးနှင့် လူငယ်ဝတ္ထုတိုများ၊ တတိယဆုကို ခင်လေး(ပြည်ထောင်စုနယ်မြေ)၏ ချစ်လှစွာသော မြန်မာမလေးသို့ … စာမူများကလည်းကောင်း၊ နိုင်ငံရေးစာပေဆုတွင် ဒုတိယဆုကို အောင်နိုင်သူ (ဇွဲကပင်)၏ စစ်မှန်စည်းကမ်းပြည့်ဝသည့်ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနှင့် စစ်ရေး၊ နိုင်ငံရေးဆောင်းပါးများ စာမူများကလည်းကောင်း၊ ပြဇာတ်စာပေဆုတွင် ဒုတိယဆုကို တင်တော်၏ မထိလာကန်ပေါင်ထက်က.. အနိရုဒ္ဓရဲ့ လွမ်းချင်းနှင့်တတိယဆုကို ရဲနွယ်မောင် (သုံးဆယ်)၏ အကြင်နာ ပန်းတို့ လန်းပါစေ စာမူများကလည်းကောင်း၊ ဘာသာပြန်စာပေဆုတွင် ပထမဆုကို အေးသန္တာမောင်၏စိတ်လမ်းညွှန်မြေပုံစိတ်မျက်နှာဖုံး စာမူကလည်းကောင်း၊ အင်္ဂလိပ်စာမူဆုတွင် ပထမဆုကို Researcher Maung Han၏ My Memoir of Archaeological Excavations at Kambawza-thardi Palace Site စာမူကလည်းကောင်း၊ ရသစာတမ်းဆုတွင် ဒုတိယဆုကို သုတိဩဘာ (ဆင်ပေါင်ဝဲ)၏ ရွာဦးကျောင်းဆရာတော်တစ်ပါး၏ ဘဝမှတ်တမ်း စာမူကလည်းကောင်း ရရှိကြပါသည်။
စာပေဗိမာန်စာမူဆုများကို ပထမဆုကျပ် ၁၅ သိန်း၊ ဒုတိယဆုကျပ် ၁ဝ သိန်း၊ တတိယဆု ကျပ် ခုနစ်သိန်း ချီးမြှင့်ခဲ့ရာ ယခုနှစ်တွင်ပထမ ဆုငွေကျပ်သိန်း ၂၀ ၊ ဒုတိယဆု ငွေကျပ် ၁၅ သိန်းနှင့် တတိယဆုကို ကျပ် ၁၀ သိန်း တိုးမြင့်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စာပေဗိမာန်စာမူဆုများကိုစာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၂၄ ဦးဖြင့် ဖွဲ့စည်းထားပြီး၂ဝ၂၄ ခုနှစ် ပြိုင်ပွဲသို့တင်သွင်းလာသော စာမူ ၂၄၇ စောင်ကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့် ဟူသောအဆင့်သုံးဆင့်ဖြင့် စနစ်တကျစိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရှိရသည်။
ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည် လမ်း၊ စာပေဗိမာန်ရှိ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး တယ်လီဖုန်းအမှတ် ဝ၁၈-၂၄ဝဝ၄၈နှင့် စီမံရေးရာ တယ်လီဖုန်းအမှတ် ဝ၁၈-၃၈၁၄၄၉ သို့ အမြန်ဆုံး ဆက်သွယ်ကြရန်နှင့် (၅x၈) လက်မရောင်စုံ ဓာတ်ပုံ နှစ်ပုံနှင့် ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံနှစ်ပုံစီကို ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့် ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။
အဆိုပါဆုများကို ၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် (စာဆိုတော်နေ့)၊ ၂ဝ၂၅ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် (ကြာသပတေးနေ့)တွင် ကျင်းပမည့် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေ ဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွား မည်ဖြစ်ကြောင်းနှင့် ကျင်းပမည့် အချိန်နှင့်နေရာတို့ကို ထပ်မံကြေညာ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၂ဝ၂၅ ခုနှစ်အတွက် စာမူပြိုင်ပွဲဝင်လိုသူများအနေဖြင့် စာမူများကို ၃၁-၁၂-၂ဝ၂၅ ရက်နေ့ နောက်ဆုံးထား၍ စာပေဗိမာန်ရုံးသို့ လာရောက်ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရှိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၃၃၆ ခု
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 01, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
