(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာ့အားကစားအောင်နိုင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 02, 2025
image_latest


ရန်ကုန် နိုဝင်ဘာ ၁

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရေးနှင့် ပြိုင်ပွဲတွင် အောင်မြင်မှုများရရှိလာပါက ထိုက်တန်စွာ ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေးနှင့်စပ်လျဉ်း၍ ပထမအကြိမ် မြန်မာ့အားကစားအောင်နိုင်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အရာရှိကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များအနေဖြင့် အဆင့်မီစွာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ထိုက်သင့်သည့်အောင်မြင်မှုများရရှိစေရန်အတွက် နိုင်ငံတော်အကြီးအကဲအနေဖြင့် စခန်းဝင်အားကစားအဖွဲ့များ၏ စခန်းသွင်းစားစရိတ်ကို တစ်ဦးလျှင် တစ်ရက် ငွေကျပ် ၅၀၀၀ နှုန်းမှ ၂၀၂၅ ခုနှစ် ဇူလိုင်လမှစတင်ကာ ငွေကျပ် ၁၂၀၀၀ နှုန်းထိ တိုးမြှင့်ထောက်ပံ့ပေးခဲ့သည့်အတွက် အားကစားသမားများကို ကယ်လိုရီစံနှုန်းများနှင့်ကိုက်ညီပြီး အာဟာရဖြစ်စေမည့် အစားအသောက်များကို တစ်ရက်လျှင်ခြောက်ကြိမ်နှုန်းဖြင့် ကျွေးမွေးနိုင်ခဲ့သည့်အပြင် အဘက်ဘက်မှပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း။

မြန်မာ့အားကစားအောင်နိုင်ရေးကော်မတီ၏ လုပ်ငန်းတာဝန် ၇ ရပ်အနက် အဓိကဦးတည်ချက်ဖြစ် သည့် စခန်းဝင်အားကစားသမားများ၏ မိခင်ဖြစ်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကူညီထောက်ပံ့စေခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကူညီထောက်ပံ့ပေးစေလိုကြောင်း၊ နိုင်ငံတော်အဆင့် ဂုဏ်ပြုပွဲအခမ်းအနားတွင် နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ခြင်းများအပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်နှင့် ဝန်ကြီးဌာနများမှ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်မှုများ ပြုလုပ်ပေးပြီး သင့်လျော်သည့်ရာထူးအဆင့်များ တိုးမြှင့်ပေးခြင်း၊ အလုပ်အကိုင်များဖန်တီး၍ ဂုဏ်ပြုပေးစေလိုကြောင်း၊ လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေးအတွက် ကော်မတီဝင်များနှင့် ပထမအကြိမ် စတင်ဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ အစည်းအဝေးတက်ရောက်လာကြသူများအနေဖြင့် မြန်မာ့အားကစားအောင်နိုင်ရေး ကော်မတီသက်ဝင်လှုပ်ရှား နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာ့အားကစား အောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ ဦးထိန်လင်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာကော်မတီဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် အစည်းအဝေးတက်ရောက် လာကြသူများက မြန်မာအားကစားအဖွဲ့အောင်နိုင်ရေး၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် အောင်မြင်မှုများရရှိလာပါက ဂုဏ်ပြုထောက်ပံ့ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိ အောင် သက်ဆိုင်ရာကဏ္ဍများအလိုက် အဘက်ဘက်မှ ဝိုင်းဝန်းပူးပေါင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အားကစားဖြင့် အမိမြန်မာနိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်နိုင်အောင် အင်ပြည့်အားပြည့်ပါဝင်ဆောင် ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၃၃၆ ခု

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 02, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 27, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download