ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများနှင့် ယာယီ တိုက်ပွဲရှောင်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများနှင့် ယာယီ တိုက်ပွဲရှောင်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / May 23, 2020
image_latest


နေပြည်တော် မေ ၂၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်း များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ မေ ၂၂ ရက်က   ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ ထွယ်ဆန်နှင့် ဖန်ခါးကုန်း IDP စခန်း (၂)ခုသို့ သွားရောက်၍ လက်သန့်ဆေးရည် (၂၆၈)ဗူး၊ ဆပ်ပြာ (၇၁၈)ခဲ၊ ထုံးအိတ်(၂၀) ၊ အပူချိန်တိုင်းကိရိယာ(၁)ခု၊ လက်ဆေးစင်(၃)ခု၊ အဝတ် Mask (၁၄၃၆)ခု၊ Hand Speaker (၂)ခုနှင့် ကိုဗစ်-၁၉ အသိပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick (၂)ခုတို့အား ထောက်ပံ့ပေးခဲ့ပြီး ယနေ့တွင် မံစီမြို့နယ်ရှိ နှစ်ခြင်းနှင့် ကက်သလစ် IDP စခန်း (၂)ခုသို့ သွားရောက်၍ လက်သန့်ဆေးရည် (၁၀၃၈)ဗူး၊ ထုံးအိတ်(၂၀)၊ ဆပ်ပြာ(၂၃၀၃)ခဲ၊ လက်ဆေးစင်(၉)ခု၊ အဝတ် Mask (၄၆၀၆)ခု၊ အပူချိန်တိုင်းကိရိယာ(၄)ခု၊ Hand Speaker (၂)ခု၊ ဗီနိုင်း(၂)ချပ်၊ အသိပညာပေး အသံဖိုင် ထည့်သွင်းထားသော Memory Stick (၂)ခုတို့အား ထောက်ပံ့ခဲ့သည်။

အလားတူ မေ ၂၂ ရက်တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ရှိ (၃)ရပ်ကွက် ကာသိုလိပ် ဘုရားကျောင်း၊ ကာလိုင်(၁)၊ ကာလိုင်(၂) IDP စခန်း (၃)ခုသို့ သွားရောက်၍ အဝတ် Mask (၃၄၇၈)ခု၊ လက်သန့်ဆေးရည် (Hand gel) (၅၇၈)ဗူး၊ ဗီနိုင်း(၆)ချပ်တို့အား ထောက်ပံ့ခဲ့ သည်။

ထို့အတူ မေ၂၁ ရက်တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ကျီးခေါင်းတောင် ကျေးရွာ၊ တောင်ကြီးရင်းကျေးရွာ၊ ကုန်းဘောင်ကျေးရွာ၊ ရေရှင်ကျေးရွာ၊ မြို့မကုသိနာရုံ ဘုန်းတော် ကြီးကျောင်း၊ ရက်ချောင်း၊ ကျေးရွာ၊ ပြားသုန်း၊ မြို့နယ်ခန်းမ၊ မဟာဝိဟာရ ဘုန်းတော် ကြီးကျောင်း၊ ဝိဇိတာရာမဘုန်းတော်ကြီးကျောင်း၊ မြို့ဦးဆုတောင်း ပြည့်ဓမ္မာရုံ၊ ပြည်ခြား ကျေးရွာ၊ အ.မ.ကကျောင်း၊ ငန်းတောင်ကျေးရွာ၊ ပေါက်တူးတောင်၊ စက်ခွေကျေးရွာ၊ သပြေ တောကျေးရွာ၊ သရက်တောင်ကျေးရွာနှင့် မြေပုံမြို့နယ်ရှိ ရွှေဖောင်တော ဘုန်းတော်ကြီး ကျောင်း၊ ရွာသစ်ကေဘုန်းတော်ကြီး ကျောင်း၊ နရမ်းရွာကြီး ဓမ္မာရုံ၊ နရမ်းအုပ်စု ဘုန်းတော် ကြီးကျောင်း၊ ပုညရာမဘုန်းတော်ကြီးကျောင်း၊ သေကန် ဘုန်းတော်ကြီးကျောင်း၊ အမ်းသား ဘုန်းတော်ကြီးကျောင်း၊ သူဌေးကုန်း ဘုန်းတော်ကြီး ကျောင်း၊ ပုလဲပေါက်ကျေးရွာ ဘုန်းတော် ကြီးကျောင်း၊ အိုင်ဝန်းကျေးရွာ၊ ဓမ္မရတနာ ကျောင်း၊ ဇေယျသုခကျောင်းတိုက်၊ ကေသလာ ချောင်းဝကျေးရွာ၊ ဓညဝတီကျောင်းတိုက်၊ မြရတနာ ကျောင်းတိုက်၊ စပါးထားကျေးရွာ၊ ဗုဒ္ဓကျေးဇူးကျောင်းတိုက်၊ အလက(ခွဲ)စာသင် ကျောင်း၊ ဇီးပင်ကြီးဘုန်းတော်ကြီးကျောင်း၊ ကျွဲကြိုကျေးရွာ၊ ငှက်ရဲကောက်ကျေးရွာ ယာယီတိုက်ပွဲ ရှောင်စခန်း စုစုပေါင်း (၃၉)ခုတို့တွင် ဆပ်ပြာ(၂၀၁၅)တောင့်၊ ထုံးအိတ်(၃၁၀) နှင့် လက်ဆေးဘေစင် (၃၈)ခု ထောက်ပံ့ပေးခဲ့ပြီး    မေ၂၂ ရက်တွင် ဘူးသီးတောင်မြို့နယ်ရှိ ရွှေသီး၊ ငဖရုံ၊ ဝါးနက်ရုံ၊ ဒုံးသိမ် ဓမ္မာရုံ တို စုစုပေါင်း တိုက်ပွဲရှောင်စခန်း(၄)ခုတို့တွင် Surgical Mask (၄၀၃၀) ၊ အပူချိန်တိုင်းကိရိယာ (၄)ခု၊ လက်သန့်ဆေးရည် (၁၃၉)ဗူး၊ Hand Speaker (၄)ခု၊ အသိပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick (၄)ခု၊ ဗီနိုင်း(၄)ချပ်၊ လက်ဆေးဘေစင်(၅)ခု၊ ထုံးအိတ်(၁၈)အိတ်တို့အား ထောက်ပံ့ခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်း များအပြင်  အသိပညာပေးလုပ်ငန်းများ၊    အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့်   စိတ်ဓါတ်

ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,