ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / May 23, 2020
image_latest


နေပြည်တော် မေ ၂၂

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ် ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ တက် ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ရှင်း လင်းတင်ပြရာတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများ၏ ဆောင်ရွက်နေမှု၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက် မြန်မာပြည်) ရောဂါကုသဆေးရုံသို့ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့မှ ဖွဲ့စည်းစေလွှတ်ပေးသည့် အဖွဲ့(၁) တာဝန်ထမ်းဆောင်မှုကာလ ပြည့် မြောက်ပြီး နောက်ထပ်အဖွဲ့(၂) သွားရောက်လဲလှယ် တာဝန်ထမ်း ဆောင်လျက်ရှိသည့် အခြေအနေ စသည်တို့ကို တင်ပြဆွေးနွေးကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က အမှာစကားပြောကြား ရာတွင် ကိုဗစ်- ၁၉ ရောဂါနှင့် ပတ်သက်၍ အကောင်းဆုံးနည်းလမ်း မှာ ကြိုတင်ကာကွယ်မှု Prevention လုပ်ငန်းများဖြစ်သော တစ်ကိုယ်ရေ နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ Mask နှင့် မျက်စိအကာအကွယ် မျက်မှန် များ တပ်ဆင်ခြင်း၊ လက်ဆေး ခြင်း၊ သန့်ရှင်းခြောက်သွေ့မှုရှိခြင်း၊ သွားလာမှုဆင်ခြင်ခြင်း၊ မဖြစ်မနေ အရေးကြီးမှသာ အချိန်အနည်းဆုံးနှင့် လူအနည်းဆုံးသွားလာမှုမျိုး ပြုလုပ် ကြရန်လိုကြောင်း၊ နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံတို့သည် အပင်ပန်း ခံ၍ စည်းကမ်းတင်းကျပ်စွာ ဆောင် ရွက်ခြင်း၏အကျိုးကို ခံစားရခြင်း ဖြစ်ကြောင်း၊ ပြည်ပတွင် အခက်အခဲ ရှိ၍ ပြန်ဝင်လာကြသူများမှာ မိမိတို့ နိုင်ငံသားများပင်ဖြစ်၍ ငြင်းပယ်၍ မရကြောင်း၊ ပြန်လည်ဝင်ရောက်ရာတွင် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် အကောင်း ဆုံးဖြစ်အောင် နည်းလမ်းများ ရှာဖွေလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း။

တစ်ကမ္ဘာလုံးတွင် စီးပွားရေး ထိခိုက်ပြီး အလုပ်လက်မဲ့ပြဿနာ များ၊ အခက်အခဲအကျပ်အတည်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ တွင် အခြေအနေပေါ်မူတည်၍ တတ်နိုင် သည့် ကုန်ထုတ်လုပ်မှုများ၊ အမှန်တကယ် လိုအပ်သူများကို ထောက်ပံ့ရေးများ ဆောင်ရွက်ပေးနိုင် ရန် လိုကြောင်း၊ ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင်ကျောင်းများ အတွက် ဆွမ်းဆန်နှင့် ဆွမ်းဟင်း များ စီမံလှူဒါန်းကြရန် လိုကြောင်း၊ အမှန်တကယ် လိုအပ်နေသော အလွှာ များရှိကြောင်း၊ သတင်းမှန်များ ရအောင်ယူ၍ လုပ်ဆောင်ပေးနိုင်သမျှ ကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း စသည်ဖြင့် မှာကြားခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

သတင်းစဉ်

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

HOT NEWS
January 4,