ကယားပြည်နယ်အစိုးရအဖွဲ့သို့ ကိုဗစ်-၁၉ ရောဂါ နှင့်စပ်လျဉ်း၍ လှူဒါန်းမှုများအား ကယားပြည်နယ်ကုသရေးနှင့် ကျန်းမာရေး ဦးစီးဌာနသို့ လွှဲပြောင်း ပေးအပ်

ကယားပြည်နယ်အစိုးရအဖွဲ့သို့ ကိုဗစ်-၁၉ ရောဂါ နှင့်စပ်လျဉ်း၍ လှူဒါန်းမှုများအား ကယားပြည်နယ်ကုသရေးနှင့် ကျန်းမာရေး ဦးစီးဌာနသို့ လွှဲပြောင်း ပေးအပ်


ပြန်ကြားရေးဝန်ကြီးဌာန/ လွိုင်ကော်မြို့ / April 02, 2020
image_latest


လွိုင်ကော်   ဧပြီ ၂

ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ကယားပြည်နယ်အတွင်း ကာကွယ် တားဆီးရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ကာကွယ်တားဆီးရေး လုပ်ငန်း များဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် လိုအပ်သည့် ပစ္စည်းများအား ပြည်နယ်တွင်း၊ ပြည်နယ်ပြင်ပ စေတနာရှင်၊ အလှူရှင်များမှ ပေးအပ်လှူဒါန်းလျက်ရှိသည်။

အဆိုပါ လှူဒါန်းမှုများအနေဖြင့် ဧပြီလ ၁ ရက်နေ့ အထိ ပစ္စည်းလက်ခံရရှိမှုများမှာ ရေသန့် (၃၅၇၇)ကတ်၊ Mask (၉၀၀၀)ခု၊ PPE ဝတ်စုံ(၁၉၀)စုံ၊ ရေမလိုလက်သန့် ဆေးရည် (၁၀၀၀)ml (၅၃၀)ဗူး၊ (၅၀၀)ml (၄၉၂)ဗူး၊ (၁)ဂါလန်ဗူး (၁၀)ဗူးနှင့် ဌာနများမှ လှူဒါန်းမှု (၇၅)ဗူး၊ လက်အိတ်(၅၀)စုံပါ (၅၀)ဗူး၊ မုန့်မျိုးစုံ (၃၈)ဖာအပြင် အောက်ဆီဂျင်စက်(၂)လုံးတို့အား လက်ခံရရှိခဲ့သည်။

ယင်းလှူဒါန်းမှုပစ္စည်းများအား လွိုင်ကော်ခရိုင်အတွင်း ဖွင့်လှစ်ထားရှိသည့် ကျန်းမာရေး စစ်ဆေးနေသည့် ဂိတ်များသို့ ရေသန့်(၇၃၀)ကတ်၊ Mask(၂၁၉၀)ခု၊ ရေမလိုလက်သန့် ဆေးရည် (၂၁၀)ဗူးနှင့် မုန့်(၇)ဖာ၊ ဘောလခဲခရိုင် အတွင်းရှိ ကျန်းမာရေးစစ်ဆေးနေသည့်ဂိတ်များသို့ ရေသန့် (၆၅၀)ကတ်၊ Mask(၁၉၅၀)ခု၊ ရေမလိုလက်သန့်ဆေးရည် (၁၅၀)ဗူးနှင့် မုန့်(၅)ဖာတို့အားလည်းကောင်း၊ လွိုင်ကော် မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ ဝန်ထမ်းများအနေနှင့် Facility Quarantine စောင့်ကြည့်နေရာများတွင် စည်ပင် သာယာလုပ်ငန်းများ ဆောင်ရွက်ရာ၌ အဆင်ပြေစေရေး အတွက် Mask (၅၀၀)ခု၊ ရေမလိုလက်သန့်ဆေးရည် (၅) ဂါလန်နှင့် လက်အိတ်(၅၀)စုံပါ (၁၀)ဗူးနှင့် ပြည်နယ် အတွင်း ဖွင့်လှစ်ထားရှိသည့် Facility Quarantine စောင့်ကြည့်နေရာများအတွက် ရေသန့် (၂၁၄၃)ကတ်တို့ အား ပံ့ပိုးပေးအပ်ခဲ့သည်။

ထို့အပြင် Facilities Quarantine များတွင် တာဝန် ထမ်းဆောင်သည့် ဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်း များအား အချိန်နှင့်တပြေးညီ ဖြည့်ဆည်းပေးနိုင်ရန် အတွက် စေတနာရှင်များ၏ လှူဒါန်းပစ္စည်းများဖြစ်သော ရေသန့်(၅၄)ကတ်၊ Mask (၄၃၆၀)ခု၊ PPE ဝတ်စုံ(၁၉၀)စုံ၊ ရေမလိုလက်သန့် ဆေးရည် (၁၀၀၀)ml (၁၇၀)ဗူး၊ (၅၀၀) ml (၄၉၂)ဗူး၊ (၁)ဂါလန်ဗူး (၅)ဗူးနှင့် ဌာနများမှ လှူဒါန်းမှု (၇၅)ဗူး၊ လက်အိတ်(၅၀)စုံပါ (၄၀)ဗူး၊ မုန့်မျိုးစုံ (၂၈)ဖာ အပြင် အောက်ဆီဂျင်စက် (၂)လုံးတို့အား ကယား ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို သည် ယနေ့ ညနေ ၄ နာရီအချိန်က ၎င်း၏ရုံးခန်း၌ ကယားပြည်နယ် Coronavirus Disease 2019 (COVID 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်ကော်မတီ အတွင်းရေးမှူး ပြည်နယ်ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က လက်ခံ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ထွန်းလေး

HOT NEWS
January 4,