ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသို့ ကမ္ဘောဇဘဏ်လီမိတက်မှ ကနဦးမတည်ငွေကျပ် သိန်း (၂၀၀၀) လှူဒါန်း

ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသို့ ကမ္ဘောဇဘဏ်လီမိတက်မှ ကနဦးမတည်ငွေကျပ် သိန်း (၂၀၀၀) လှူဒါန်း


ပြန်ကြားရေးဝန်ကြီးဌာန/ ​တောင်ကြီး / April 02, 2020
image_latest


တောင်ကြီး ဧပြီ ၂

ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီသို့ ကမ္ဘောဇဘဏ်လီမိတက်မှ ကနဦးမတည်ငွေကျပ် သိန်း (၂၀၀၀) လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက တောင်ကြီးမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်၍ ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး COVID–19 ကာကွယ်ရေးအတွက် ကြိုတင် ပြင်ဆင် ထားရှိမှုများကို ကမ္ဘောဇဘဏ်မှ ကမ္ဘောဇအုပ်စု ဥက္ကဋ္ဌရုံး (တောင်ကြီး) ညွှန်ကြားရေးမှူး ဦးခင်အောင်မှ ရှင်းလင်းတင်ပြ၍ ကော်မတီဖြစ်ပေါ်လာပုံနှင့် ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များကို ဦးသူရစောသိန်းမှ ရှင်းလင်းကာ အလှူငွေရရှိမှုနှင့် ပစ္စည်းဝယ်ယူမှုအခြေအနေများကို ဦးစိုင်းမြင့်ဌေးမှ ရှင်းလင်းတင်ပြပြီး အလှူငွေများကို ကမ္ဘောဇဘဏ်လီမိတက် တာဝန်ခံ ဒေါ်စန္ဒာဝင်းမှ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းမှ လက်ခံရယူခဲ့ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ဇနီး ဒေါ်နန်းရွှေမြင့်၊ ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့မှ ဆန်၊ ဆီ၊ ကုလားပဲ ထုတ်ပိုးနေမှုတို့အား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

HOT NEWS
January 4,