ငွေကြေးအခက်အခဲရှိလို့ မျှော်လင့်တဲ့အချိန်မှာ ချေးငွေရတယ်ဆိုတော့ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပါပဲ။ ချေးငွေရမယ်ဆိုတော့ ကျေးဇူးတင်ပါတယ်

ငွေကြေးအခက်အခဲရှိလို့ မျှော်လင့်တဲ့အချိန်မှာ ချေးငွေရတယ်ဆိုတော့ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပါပဲ။ ချေးငွေရမယ်ဆိုတော့ ကျေးဇူးတင်ပါတယ်


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / June 05, 2020
image_latest


 

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် စီးပွားရေး ထိခိုက်မှုများ ရှိခဲ့သည့်နည်းတူ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ထိခိုက်မှုများ ရှိခဲ့သည်။ ထို့ကြောင့် စီးပွားရေးထိခိုက်မှုများကို တစ်ဖက် တစ်လမ်းမှ ကူညီနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ် လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး ကုမ္ပဏီ၊ လုပ်ငန်းများ အတွက် လတ်တလောဖြစ်ပေါ်နေသည့် ငွေကြေးအခက်အခဲများကို အထောက်အကူပြုနိုင်ရန်အတွက် ချေးငွေများကို စိစစ်ပြီးထုတ်ပေးလျက်ရှိရာ ငါးကြိမ်ရှိပြီ ဖြစ်သည်။

ထိုသို့ ချေးငွေများ စိစစ်ထုတ်ချေးပေး    ရာတွင် ပဉ္စမအကြိမ် ချေးငွေထုတ်ယူခွင့်ရရှိ မည့် ကုမ္ပဏီ၊  လုပ်ငန်းစုများမှ  တာဝန်ရှိ သူများ၏  ပြောကြားချက်များအား  ဖော်ပြ လိုက်ပါ သည်-

ဦးသန်းထွန်း  အမှုဆောင်ဒါရိုက်တာ

(Baw Phyu Taung Co.Ltd)

အခုလို ကိုဗစ်ကာလ ငွေကြေးခက်ခဲနေ တဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ရဲ့ အကူအညီတွေ မျှော်လင့်ပါတယ်။  ငွေကြေးအခက်အခဲရှိလို့     မျှော်လင့်တဲ့အချိန်မှာ ချေးငွေရတယ်ဆိုတော့ ရေငတ်တုန်း ရေတွင်းထဲကျသလိုပါပဲ။ လုပ်ငန်းရပ်မသွားအောင်၊ အလုပ်မှာရှိတဲ့ ဝန်ထမ်းတွေ အလုပ် လက်မဲ့မဖြစ်အောင်နဲ့ သူတို့ရဲ့အခြေခံ စားဝတ် နေရေးတွေကို ရေရှည်ပံ့ပိုးပေးနိုင်ဖို့အတွက် ငွေကြေးအကူအညီ အထောက်အပံ့ တကယ် လိုအပ်နေတဲ့အချိန်မှာ ချေးငွေရမယ်ဆိုတော့ ကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့ စက်ရုံက  ခဲသတ္တုအရိုင်းကို   ရောင်းတန်းဝင်အောင်  ပြန်သန့်စင်တဲ့ စက်ရုံပါ။ ကျွန်တော်တို့စက်ရုံမှာ  ဝန်ထမ်း  ၄၀ ကျော်ရှိပါတယ်။ အခုကိုဗစ်ဖြစ်တဲ့ကာလ မှာ နိုင်ငံ တကာမှာ အရောင်းအဝယ်တွေလည်း ရပ်သွားတယ်။ ကျွန်တော်တို့က ဝန်ထမ်းတွေ ကို  အလုပ် အကိုင် စဉ်ဆက်မပြတ်ပေးနိုင်     ရေးအတွက်ကို ရှိတဲ့အင်အားနဲ့ တောင့်ထား တယ်။ လိုအပ်တဲ့ ဓာတုဗေဒပစ္စည်းတွေလည်း ဝယ်ထားပြီးသား  ဖြစ်တယ်။   ကုန်ချောကို တရုတ် နိုင်ငံကို  တင်ပို့ရောင်းချနိုင်မှာသာ ကျွန်တော်တို့က ငွေပြန်ပေါ်မှာ ဖြစ်ပါတယ်။ ငွေပြန် ပေါ်တော့မှ လုပ်ငန်းပြန်လုပ်လို့ရမယ်၊ ကုန်ကြမ်းတွေ   ပြန်ဖြည့်ရမယ်။  ခဲသတ္တု လုပ်ငန်းက  ပုံမှန်ဝင်ငွေရှိနေတဲ့လုပ်ငန်းဖြစ်တယ်။ အခု ငွေကြေးကြောင့်  လုပ်ငန်းရပ်     သွားရင်၊  ခုနစ် နှစ် ရှစ်နှစ်လောက် လုပ်ငန်း လည်ပတ်ပြီးဖြစ်တဲ့အတွက်     အလုပ်ရပ် သွားရင် အင်မတန် နှမြောစရာကောင်းမယ်။ အခုလို နိုင်ငံတော်က ချေးငွေရလိုက်တယ် ဆိုတော့  စဉ်ဆက် မပြတ်  လုပ်ကိုင်သွားနိုင် မှာပါ။ အခုဆိုရင်  တရုတ်နိုင်ငံ ဈေးကွက် လည်း  ပြန်ဖွင့်ပြီဖြစ် တဲ့အတွက်   ပြန်လည် တင်ပို့လို့ရနေပြီ    ဖြစ်ပါတယ်။ အခုလို နိုင်ငံတော်က ချေးငွေထုတ် ပေးတဲ့ အတွက် လုပ်ငန်းက   အရှိန်အဟုန်နဲ့ပြန်လည်လည်ပတ်နိုင်မှာ  ဖြစ်ပါတယ်။ ဒီအတွက်လည်း နိုင်ငံတော်နဲ့ စီမံဆောင်ရွက်ပေးကြတဲ့ တာဝန် ရှိသူတွေကို ကျေးဇူး တင်ပါတယ်။

ကိုရွှေဘ (Majesty Car Workshop ပိုင်ရှင် ၊ မဟာအောင်မြေမြို့နယ်၊  မန္တလေးတိုင်း ဒေသကြီး)

အခုလို    ချေးငွေရလိုက်တဲ့အတွက် လုပ်ငန်းတိုးချဲ့မှုနဲ့  လုပ်ငန်းမှာ လိုအပ်တဲ့ ပစ္စည်းတွေကို ပြန်ဝယ်ဖြည့်နိုင်မှာ    ဖြစ်ပါတယ်။  စီးပွားရေးထိခိုက်တော့  လုပ်ငန်း အတွက် လိုအပ်တဲ့  ပစ္စည်း တွေကိုလည်း ထပ်ပြီးဝယ်မဖြည့်နိုင်ဘူးဖြစ်နေတယ်။ အခုလို ချေးငွေရမယ် ဆိုတော့ အလုပ်မှာလိုတဲ့ ပစ္စည်း တွေလည်း  ပြတ်လပ်တာ မဖြစ်တော့ဘူး။ ကိုဗစ် ကာလအတွင်း လုပ်ငန်း တစ်လပိတ် လိုက်တဲ့အတွက် အလုပ်သမားတွေရဲ့ လစာကို လည်း  အကျေမရှင်း ပေးနိုင်သေးဘူး။ ချေးငွေ ရတော့ အလုပ်သမားတွေရဲ့ လစာအတွက် လည်း အဆင်ပြေမယ်။ သူတို့ရဲ့ ကျန်းမာရေး ထောက်ပံ့မှုတွေ လုပ်ပေးဖို့လည်း အဆင်ပြေ တယ်။ ဒီချေးငွေနဲ့ လုပ်ငန်း ချဲ့ထွင်ဖို့လည်း ရှိတယ်။ အခုကျွန်တော်တို့ လက်ဆေးဘေစင် လုပ်တဲ့ လုပ်ငန်း တွေလည်း တိုးချဲ့ဆောင်ရွက် နေပါပြီ။ ခြေထောက်နဲ့နင်းရတဲ့  လက်ဆေး ဘေစင်တွေ ကိုလည်း လုပ်ငန်းတိုးချဲ့လုပ်ကိုင် နေပါတယ်။

ကျွန်တော်တို့လုပ်ငန်းမှာ     ဝန်ထမ်း အင်အား ၁၅ ဦး ရှိပါတယ်။   ကျွန်တော်တို့ လုပ်ငန်းက ကားတွေ ကို ရေဆေး၊  ဆီလိုက် လုပ်တာရယ်၊ စက်ပြင်တာရယ်ပါ။  ကိုဗစ် ကြောင့်  စီးပွားရေးက  အားလုံးထိခိုက်တဲ့ အတွက် ပုံမှန်ရေလာဆေးတဲ့သူတွေလည်း ရေလာမဆေး နိုင်ကြတော့ဘူး။ လာတဲ့သူတွေ လည်း နည်းလာတယ်။ တစ်ရက်ကို ဆန်ဖိုး၊ ဟင်းဖိုး လောက်ပဲ ရတဲ့နေ့တွေ ရှိပါတယ်။ အခုလို အခက်အခဲဖြစ်နေချိန်မှာ ချေးငွေချ ပေးတဲ့ အတွက် နိုင်ငံတော်ကို ကျေးဇူးတင်ပါတယ်။

ဦးစိုင်းအောင်ကျော်ထွန်း(Bun Bun Bakery မုန့်တိုက်ပိုင်ရှင်၊ တောင်ကြီးမြို့)

ကျွန်တော် မုန့်တိုက်မှာ ကိုဗစ်-၁၉ ရောဂါ မဖြစ်ခင်က   အလုပ်သမား  ၁၄  ယောက် လောက်နဲ့     လည်ပတ်ခဲ့တယ်။ အခုက      ခြောက်ယောက်နဲ့    လည်ပတ်နေတယ်။ အခု ဆိုရင် ဆိုင်တွေက ပိတ်ထားတဲ့အတွက် မုန့်မပို့ရဘူး။   ရောင်းအားကလည်း  သုံးပုံ နှစ်ပုံ လောက်   ကျသွားတယ်။   အစိုးရက ချေးငွေထုတ်ပေးတဲ့အတွက် လူဟောင်းတွေ ကို ပြန်ခေါ် မယ်။ သူတို့ရဲ့ စားဝတ်နေရေးတွေ ကိုလည်း ဖြေရှင်းပေးဖို့ရှိပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်တော့ ကုန်ကြမ်း ပြတ်လပ်တာ၊ ဆိုင်တွေ ပိတ်ထားတာတွေကြောင့် လုပ်ငန်း အခက်အခဲ   ဖြစ်ခဲ့တယ်။  အခု ချေးငွေက လုပ်ငန်းကို တော်တော်ကူညီနိုင်မှာ ဖြစ်ပါ တယ်။

ကိုကျော်ဇေယျ (Golden  sky စားသောက်ဆိုင်ပိုင်ရှင်၊ ပဲခူးမြို့)

ကျွန်တော့်ဆိုင်   နှစ်ဆိုင်ရှိတဲ့အနက် ကိုဗစ်-၁၉ ကာလအတွင်းမှာဆိုရင် ဆိုင်သေး ကတော့ ပါဆယ် စနစ်နဲ့ ရောင်းနေပါတယ်။ ဆိုင်ကြီးကတော့ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည် တွေနဲ့    ချိတ်ဆက်ထားတဲ့ဆိုင်  ဖြစ်တဲ့အတွက် ကိုဗစ်-၁၉ ကာလအတွင်းမှာ အတော် အထိနာပါတယ်။ ဒီရောဂါကြီးကြောင့် ခရီးသွားလာမှုမရှိတော့   ဝန်ထမ်းတွေကို သင့်တင်တဲ့   လစာပေးပြီးတော့    ဆိုင်ကြီး ကိုတော့ လုံးဝပိတ်ထားရပါတယ်။ ဆိုင်သေး ကိုတော့ ကျန်တဲ့ ဝန်ထမ်းတွေနဲ့ ပါဆယ်စနစ် ရောင်းပြီး ကိုဗစ်-၁၉ ကာလကို ခဏမှေးပြီး လုပ်ကိုင် နေပါတယ်။ ဆိုင်နှစ်ဆိုင်ပေါင်းရင် ဝန်ထမ်း ၇၀ လောက် ရှိပါတယ်။ ဒီလ ၁၅ ရက်မှာ ဆိုင်တွေ ပြန်ဖွင့်ဖို့ဆိုပြီး ဝန်ထမ်း တွေကို ပြန်ခေါ်ထားပါတယ်။  ဆိုင်ကြီးက ခရီးသွား ဧည့်သည်တွေကို   ဦးစားပေးရောင်းရ တာဆိုတော့ လက်ရှိအနေထားအရ ခရီးသွား တွေ မဝင် သေးတော့ ဝန်ထမ်းတွေကို သုံးချိုး တစ်ချိုးလောက်နဲ့  ဆိုင်ကို   ခဏမှေးပြီး ဖွင့်သွား မှာပါ။   ကျွန်တော့်အတွက်တော့ ချေးငွေက အထောက်အပံ့ကောင်းတစ်ခုပါ။ ဆိုင်ပိတ် ထားတဲ့ အချိန်မှာ ဆိုင်ကဝန်ထမ်း တွေအတွက် လုပ်ကိုင်ပေးရတာတွေရှိတယ်။ ပြီးတော့ ဒီချေးငွေရတဲ့အတွက် ဆိုင်ပြန်လည် ပတ်ဖို့လည်း အဆင်ပြေသွားပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာလမျိုးမှာ   ကျွန်တော်တို့လို အသေးစား၊  အလတ်စားလုပ်ငန်းတွေ ဒုက္ခ ကြုံတွေ့နေ တဲ့အချိန်မှာ  အခုလို  နိုင်ငံတော် က  တစ်ဖက်တစ်လမ်းကနေ   ကူညီပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။ ဝမ်းမြောက် ဝမ်းသာရှိပါတယ်။ ကျွန်တော် တို့အနေအထား ကတော့ ပြန်ပြီး လည်ပတ်နိုင်တဲ့ အနေအထား မှာ  ရှိပါတယ်။ တချို့ကတော့  ကိုယ့်ထက် ဆိုးတဲ့ လူတွေလည်း      ရှိကောင်းရှိမှာပါ။ ကျွန်တော်တို့   အခုလို အနေအထားမျိုးမှာ ထောက်ပံ့ပေးလိုက်တာ  တော်တော်လေးကို အသက်ရှူချောင်သွားပါတယ်။  ဒါကြောင့် အစိုးရကို ကျေးဇူးတင်ပါတယ်။

ကိုအောင်နိုင်ထွန်း (HOTEL GLORY ပိုင်ရှင်၊ ဘားအံမြို့)

ကျွန်တော်တို့ဟိုတယ်ကို မတ်လလောက် ကစပြီး  ဧည့်သည်တွေက  မလာတော့ဘူး၊ ဧည့်သည် တွေကမလာတော့   အဲဒီလမှာ ဝန်ထမ်းလစာတွေအတွက်  အရှုံးပေါ်တယ်။ ဧပြီလ မှာတော့   ဝန်ထမ်းမိသားစုတွေလည်း အဆင်ပြေအောင်       တစ်ဝက်ကိုတော့ အလှည့်ကျ အလုပ်ဆင်းခိုင်းပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်းမှာ အခက်အခဲကတော့ ဝန်ထမ်းလစာ ၊ ဟိုတယ်ပြန်ပြီး လည်ပတ်နိုင် ဖို့ပဲ   ဖြစ်ပါတယ်။    ပိတ်ထားတာလည်း ကြာပြီ ဆိုတော့ ပြင်ဆင်ရမယ့်  အပိုင်းတွေ အတွက် ပြင်ဆင်စရိတ်တွေ  ကုန်မယ်။ အခု ချေးငွေလေးရမယ်ဆိုတော့ အတော်အဆင်ပြေ သွားမယ်။ ဝန်ထမ်းတွေကိုလည်း ပြန်ဆင်း ခိုင်းမယ်။ မီတာခကိုလည်း သုံးလစာလောက် မသွင်းရသေးတော့      သွားသွင်းရမယ်။ ဟိုတယ်မှာ  လုပ်စရာရှိတာတွေ  လုပ်ပြီးရင် ပြန်လည်ပတ်မှာပါ။ အခုချေးငွေကိုလည်း နိုင်ငံတော်ကို    သတ်မှတ်ထားတဲ့အတိုင်း တစ်နှစ်အတွင်း   ပြန်ဆပ်မှာပါ။  အခုလို အခက်အခဲ ဖြစ် နေ တဲ့အချိန်မှာ      ကူညီတဲ့ အတွက်   နိုင်ငံတော်ကိုလည်း  ကျေးဇူးတင်ပါတယ်။

ကိုဇော်ဝင်း( မန်နေဂျင်းဒါရိုက်တာ၊ Royal Dream Travel & Tours Co.Ltd)

ကျွန်တော်တို့က   လုပ်ငန်းက ရခိုင် အခြေစိုက် လုပ်ကိုင်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ရခိုင်မှာက အများစုက လေယာဉ်နဲ့သွားရတာ များပါတယ်။ ကျွန်တော်တို့ရခိုင်မှာ တိုက်ပွဲ ရယ်၊ ကိုဗစ်ရယ် ကြောင့် လေယာဉ်လက်မှတ် တွေက မရောင်းရသလောက်ပါပဲ။ ဝန်ထမ်း တွေလည်း  လျှော့သင့်သလောက်  လျှော့ရပါ တယ်။ ချေးငွေရမယ်ဆိုတော့ ဝန်ထမ်းတွေ လည်း ပြန်ခေါ်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော် တို့ လက်မှတ်ရောင်းတဲ့အခါမှာ အကြွေးနဲ့ ရောင်းရတာရှိတယ်။ အကြွေးနဲ့ရောင်းတယ် ဆိုပေမယ့် ကာလတစ်ခုထားပေးနိုင်ရင် သူတို့ ဆီက ပြန်တောင်းလို့ရပါတယ်။ ဒီကာလမှာ ခရီးသွားဝန်ဆောင်မှု မဟုတ်ဘဲနဲ့ ခရီးသွား ဖို့အတွက်   လက်မှတ်ရောင်းတဲ့  လုပ်ငန်းကိုပဲ   ပိုလုပ်ဖြစ်ပါတယ်။    ဝန်ထမ်းအနေနဲ့ ခြောက်ယောက် ရှိပါတယ်။    ဒီကာလမှာ အကြွေးရောင်းချထားတဲ့ လက်မှတ်ဖိုးတွေ လည်း ပြန်တောင်း ဖို့ခက်ပါတယ်။ အခုလက်ရှိ မှာ လုပ်ငန်းက ရှေ့တိုးမရ၊ နောက်ဆုတ်မရ ဖြစ်နေ တာဆိုတော့  ချေးငွေရမယ့်အတွက် လုပ်ငန်းကို ကောင်းကောင်းမွန်မွန် ပြန်လည် ပတ်လို့ရတာပေါ့။

အခုအချိန်   ရခိုင်မှာတော့   ခရီးသွား လုပ်ငန်းက ၉ဝ ရာခိုင်နှုန်းလောက် ကျသွား ပါတယ်။     မတ်လ အလယ်လောက်အထိ တက်လာသေးတယ်။ ဧပြီနဲ့  မေ  နှစ်လလုံး ခရီးသွား ကျလာပြီဆိုတော့   ရပ်ထားရမယ့် အနေအထားဖြစ်ပါတယ်။ Tour ကုမ္ပဏီတွေ အနေနဲ့   ရပ်တည် တာက ခရီးသွားတွေကို စီစဉ်ပေးတဲ့အပိုင်းရယ်၊ လေယာဉ်လက်မှတ် အပိုင်းရယ် ဖြစ်ပါတယ်။  ဇူလိုင်လလောက် ဆိုရင်တော့   လက်မှတ်ရောင်းတဲ့အပိုင်းက တက်လာနိုင် ပါတယ်။   Tour  တွေအနေနဲ့ ခရီးသွားဖို့က အောက်တိုဘာ သီတင်းကျွတ် နောက်ပိုင်း ရောက် ရင်တော့   ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ ဒီလိုခက်ခဲနေတဲ့ ကာလမှာ အခုလိုဆောင် ရွက်ပေးတဲ့အတွက် တာဝန်ရှိ သူတွေကို ကျေးဇူးတင်ပါတယ်။ ငွေကြေး ခက်ခဲမှုရှိ တယ်ဆိုတာကလည်း    အောက်ခြေ မှာ    တကယ်ဖြစ်ပျက်နေတာပါ။ ကျွန်တော် တို့လို အခက် အခဲ ရှိတဲ့သူတွေ  အများကြီး ရှိနိုင်ပါတယ်။    စိစစ်ဆောင်ရွက်ပေးပါလို့ လည်း  တိုက်တွန်း ချင်ပါတယ်။

Coronavirus Disease 2019 (COVID-19) ကြောင့်   ဖြစ်ပေါ်လာနိုင်သည့်   စီးပွားရေး သက်ရောက်မှုများအပေါ်  ကုစားရေးလုပ်ငန်း ကော်မတီအနေဖြင့်  COVID-19  Fund မှ ကုမ္ပဏီ၊ လုပ်ငန်းများကို ချေးငွေခွင့်ပြုပေးရန် စိစစ်အတည်ပြုခဲ့ရာ ပထမအကြိမ် ၈၅ ခု၊ ဒုတိယ အကြိမ်တွင်  ၁၁၃ ခု၊  တတိယအကြိမ် ၁၁၁ ခု၊  စတုတ္ထအကြိမ်  ၄၁၇ ခုနှင့်  ယခု ပဉ္စမ အကြိမ် အခု  ၂၉၀ တို့ကို ခွင့်ပြုပေးခဲ့ ကြောင်း သိရသည်။

သတင်းအင်တာဗျူး -မျိုးမင်းနိုင်

ဓာတ်ပုံ-မျိုးမြင့်(သတင်းစဉ်)

HOT NEWS
January 4,