စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌ ရွှေဘိုမြို့နယ်အတွင်းရှိကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌ ရွှေဘိုမြို့နယ်အတွင်းရှိကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေး


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့/ monywa / August 01, 2020


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌သည် ရွေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးကိုကိုအောင်နှင့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးသောင်းဟိန်းတို့ နှင်အတူ ယနေ့ မွန်းတည့်(၁၂)နာရီက ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့သည်။
အဆိုပါ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘိုမြို့နယ်အတွင်းရှိ အုတ်ရှစ်ကန်အုပ်စုတွင် စပါးစိုက်ဧက ၂၁၉ ဧက အား မဟာနန္ဒကန်ရေသောက်စနစ်ဖြင့် အချိန်မီ စိုက်ပျိုးရေရရှိရေးဆောင်ရွက်သွားရန် သက်ဆိုင်ရာ ဆည်မြောင်းဉီးစီးဌာမှ တာဝန်ရှိသူအား မှာကြားခဲ့ပြီး ချီပါကျေးရွာတွင် မူးလက်တံ(၇)မြောင်း ရေသောက်စနစ်ဖြင့် မိုးစပါများ ပျိုးထောင်စိုက်ပျိုးထားရှိမှုအခြေအနေနှင့် ပလိုင်းဘေးမဲ့ကန်တော် ရေစီးရေလာကောင်းမွန်စေရေး အသစ်ပြန်လည်တူးဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့အားလည်းကောင်း၊ ပလိုင်းကျေးလက် ကျန်းမာရေး ဌာနခွဲတွင် ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်ပေးနေမှု အခြေအနေတို့အားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ဇူလိုင်(၃၁)ရက်နေ့ နံနက်ပိုင်းက ရွှေဘိုမြို့နယ်အတွင်း ဇီးဖြူကုန်းကျေးရွာအုပ်စုနှင့် ညောင်ကိုင်း ကျေးရွာအုပ်စုတို့ရှိ ဒေသခံပြည်သူများသွာလာမှုလွယ်ကူအောင် ကျေးလက်ဦးစီးဌာတည် တာဝန်ယူတည်ဆောက် ပေးထားသော မင်းပေးကျေးရွာမူးတိမ်ချောင်းကူးတံတား အောက်ရှိ ယက်မများ၊ ဘိုးတိုင်များနှင့်ကြမ်းခင်းအချို့ ပျက်စီးယိုယွင်းလာသည့်အတွက် ပြင်ဆင်ရန် ထောက်ပံ့ငွေကျပ် သိန်း(၂၀)ကိုလည်းကောင်း တာဝန်ရှိသူထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး မင်းပေးကျေးရွာဒေသခံတောင်သူများ အတွက် အချိန်မီစိုက်ပျိုးရေ ဖူလုံစွာရရှိစေရေးကို အလေးထား၍ လျှပ်စစ်မူးရေတင်လုပ်ငန်းများဆောင်ရွက်ရေးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ဖြည့်ဆည်းပေးပြီး အားလုံးပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

HOT NEWS
January 4,