စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်သည် ရွှေဘိုခရိုင်အတွင်းရှိ Quarantine Center များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်သည် ရွှေဘိုခရိုင်အတွင်းရှိ Quarantine Center များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့/ Monywa / September 22, 2020


စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင် စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဌ ဦးကိုကိုအောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးသောင်းဟိန်းနှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်(၉)နာရီက ရွှေဘိုခရိုင်အတွင်းရှိ Quarantine Center များသို့ သွားရောက်ကြည့်ရှုစစ်ဆေးအားပေးစကားများပြောကြားခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသော ယာယီဆေးရုံ နေရာတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအား သွားရောက်ကြည့်ရှုအားပေးစကားများ ပြောကြားပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ရွာသာကြီး-ဝက်လက်-ရှိမ်းမကား (၁)မိုင်ခန့်လမ်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေ ဖြင့် ကတ္တရာလမ်းအဆင့်မြှင့်တင်ဖောက်လုပ်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ရွှေဘိုမြို့ရှိ မြို့ဝင်/မြို့ထွက် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် စစ်ဆေးရေးဂိတ်တို့တွင် တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာများနှင့်လူမှု​ရေးအသင်းအဖွဲ့များမှ ကူညီဆောင်ရွက်နေသူများအား အားပေးစကားများပြောကြားပြီး လိုအပ်သော ကျန်းမာရေးသုံး N-95 MASK များနှင့် PPE ဝတ်စုံများအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
​​​​​​​

 

 

​​​​​​​

HOT NEWS
January 4,