စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့်အဖွဲ့ ယာယီစခန်းများတွင် (၁၄) ရက် စောင့်ကြည့်ခံနေထိုင်နေသူများအား ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှု၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့်အဖွဲ့ ယာယီစခန်းများတွင် (၁၄) ရက် စောင့်ကြည့်ခံနေထိုင်နေသူများအား ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှု၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / April 02, 2020
image_latest


မြင်းမူ ဧပြီလ ၂

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်သောင်း၊  စစ်ကိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင်နှင့် အဖွဲ့ဝင် များသည် စစ်ကိုင်းခရိုင် မြင်းမူမြို့သို့ ယမန်နေ့  ညနေပိုင်းက လာရောက်၍ ပြည်ပနိုင်ငံများမှ ပြန်ရောက်လာပြီး ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် ယာယီစခန်းများတွင် (၁၄) ရက် စောင့်ကြည့်ခံနေထိုင်နေသူများအား ကြည့်ရှု့အားပေးခြင်း၊ ကျန်းမာရေး ဝန်ထမ်းများနှင့်  မိတ်ဖက်လူမှုကူညီရေးအသင်း တာဝန်ရှိသူများကို အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် မြင်းမူမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် ဆေးဝါးများ စုဆောင်းထားရှိမှုတို့အား ကြည့်ရှုကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးတွင်အသုံးပြုရန်အတွက် PPE ဝတ်စုံ (၅) စုံ၊ လက်အိတ် (၂) ဘူးနှင့် mask (၅၀၀) တို့ကို လူမှုရေးဝန်ကြီးကပေးအပ်ရာ ဆေးရုံအုပ်ကြီး ဒေါက်တာကေသီခိုင်က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

အောင်စိုးဖေ (မြင်းမူ)

HOT NEWS
January 4,