ထားဝယ်မြို့၌ ၂၀၁၉-၂၀၂၀ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်

ထားဝယ်မြို့၌ ၂၀၁၉-၂၀၂၀ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ တနင်္သာရီတိုင်းဒေသကြီး / January 25, 2020
image_latest


ထားဝယ်  ဇန်နဝါရီ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ၊ တိုင်းဒေသကြီးအဆင့်ပညာရေး စုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊မြိုပတော်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာကျောင်းသား/ ကျောင်းသူ များ က အခမ်းအနားကို “စုံညီပွဲတော်တို့နွှဲပျော်”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြင့်မောင် က အမှာစကားပြောကြားရာ၌ ခေတ်မီဖွံ့ဖြိုး တိုးတက်သောဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ကာကွယ်နိုင်မည့် လူ့စွမ်းအား အရင်း  အမြစ်များ ပေါ်ထွန်းလာစေရန် ၊ ပြည်ထောင်စုစိတ်ဓါတ် ရင့်သန်ခိုင်မာပြီး ရိုးရာယဉ်ကျေးမှုနှင့်လူသားကောင်း  ဖြစ်မှုစံနှုန်း များကို ထိန်းသိမ်းမြှင့်တင်နိုင်မည့် နိုင်ငံသားကောင်း၊သမီးမွန်များ ပေါ်ထွန်းလာစေရန် ၊ ပညာရေး ကဏ္ဍအလိုက် စွမ်းဆောင်ချက်များကိုမြှင့်တင်ပေးရန်၊ အမျိုးသားပညာရည်မြှင့်မားရေးလုပ်ငန်းများကို မိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်ဟူသောရည်ရွယ်ချက်ဖြင့် အခမ်းအနားကျင်းပရခြင်းဖြစ်ကြောင်း၊ “ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုသော ပညာရေး၏ ဆောင်ပုဒ်ကို ပိုမိုအသက်ဝင်လာစေရန်အတွက် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကို  ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန် ပညာရေးရည်မှန်းချက်ကို တနင်္သာရီ တိုင်းဒေသကြီး ပညာရေး မိသားစုမှ စံပြအနေဖြင့် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက်တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးဒေါ်မြင့်စိန်က တိုင်းဒေသကြီးပညာရေးစုံညီပွဲတော်  နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးတိုင်းဒေသကြီးအစိုးရအဖွဲဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများ က သန့်ရှင်းလှပ သော ကျောင်းဆုများ ၊ တက္ကသိုလ်ဝင်တန်းထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများ၊ ပြိုင်ပွဲအသီးသီးများမှ ဆုရ ကျောင်းသား/ ကျောင်းသူ များအား ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ က”ဘက်စုံပညာရည်တို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် နှင့် ၀န်ကြီးများ ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊  ဆရာ/ ဆရာမများ၊ ဆုရကျောင်းသား/ကျောင်းသူများ၊ကျောင်းသားမိဘများ ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဦးကျော်ကျော်လတ် (ခရိုင်ပြန်/ဆက်)      

 

 

HOT NEWS
January 4,